Results for Facebook နည်းပညာ

Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း

Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း

မင်္ဂလာပါ ဒီရက်ပိုင်းတင်မဟုတ်ဘူး ဘယ်တော့မှ မရိုးအီနိုင်တဲ့အကြောင်းအရာတစ်ခုက Cyber Bullying Case ပဲဖြစ်ပါတယ်။အများဆုံးဖြစ်တဲ့ အရာကတော့ Facebook အကောင့် အဟက်ခံလိုက်ရကနေ ဟက်သွားတဲ့သူက အဟက်ခံလိုက်ရတဲ့ အကောင့်ပိုင်ရှင်ထံ ငွေညှစ်ခြင်း၊ အဟက်ခံလိုက်ရတဲ့ အကောင့်အားညစ်ညမ်းPage အဖြစ်ပြောင်းလဲလိုက်ခြင်း.. စတာတွေက နိစ္စဒူဝ မရိုးအီနိုင်တဲ့
အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ရတာလည်း??အဓိက အကြောင်းအရင်းကတော့ User တွေရဲ့ ညံ့ဖျင်းမှု၊ ပေါ့လျော့မှုတွေက အဓိကဖြစ်ပါတယ်။ ကျတော်ရိုင်းသွားရင်တော့ခွင့်လွှတ်ပါ။
လူငယ်ပဲဖြစ်ဖြစ်၊ လူလတ်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်၊ ပုထုဇဉ်လူသားတွေပဲ ဗျာ…. တဏှာတော့ မကင်းကြပါဘူး။ ဒီလိုမျိုး စိတ်တွေကြောင့်ချစ်သူ ကောင်လေးတွေကို စိတ်ပြေအောင် Facebook မှ Sex Chatတာမျိုးတွေလည်း မလုပ်သင့်ကြပါဘူး။ ဘယ်လောက်ချစ်ချစ်အပြင်မှာတွေ့ဆုံလို့ရနေတဲ့ခေတ်ပါဗျာ…. အခုတော့ Facebook ထဲက Chatထဲမှာ ၀တ်လတ်စတစ်ပုံတွေအပြန်အလှန်ပို့၊ Masturbation အတွက်
Sex Chat ကြနဲ့… တစ်ကယ်လည်းစိတ်ပျက်ဖို့ကောင်းပါတယ်။မလုပ်နဲ့လို့မတားမြစ်ပါဘူး မိမိကိုယ်တိုင် မိမိအကောင့်ကို စိတ်ချရအောင်လုံခြုံမှုရော လုပ်ထားကြလို့လား….. ဒီလိုမျိုးတွေလုပ်ထားပြီးမှ အကောင့်
လည်းပါသွားရော… ဟက်သွားတဲ့လူကကြည့်မှာပဲ…. တစ်ကယ်တမ်းအကောင့်ဟက်တယ်ဆိုတာကလည်း User တစ်ယောက်ရဲ့ အကောင့်ကိုထိုးဖောက်ဝင်ရောက်ရာကနေ ထို User ရဲ့ Privacy အားလုံးကိုလည်း
ချိုးဖောက်သွားကြတာပါပဲ… ဒီလိုအချိန်မှာ ထိုဟက်သွားတဲ့လူက ခြိမ်းခြောက်မယ်၊ ငွေညှစ်မယ် ဆိုတဲ့အခါမျိုးကျမှ ဂယောက်ဂယက်တွေဖြစ်ပြီးမရှု နိုင် မကယ်နိုင်နဲ့ အရပ်ကူပါ ၊ လူဝိုင်းပါတွေဖြစ်ကုန်တော့ ကူညီတောင်းခံရတဲ့ လူပါ အပူတွေကူးကုန်ရော.. ဒီတော့ အစကတည်းက မိမိအကောင့်ကိုမိမိလုံခြုံအောင် ထိမ်းသိမ်းဖို့က မိမိတာဝန်သာဖြစ်ပါတယ်။ ကျတော်လည်း
အရင်က G-mail, Facebook နဲ့ အချို့ အချို့သော အရာတွေရဲ့ Securityပိုင်တွေကို အခါသင့်လျှင် သင့်သလို ဖော်ပြပေးထားခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့Facebook Account ကိုပဲ သီးသန့် ပြန်ရေးပေးပါ့မယ်။ G-mail Accountကိုအရင်ဆုံး Security ခံထားဖို့အတွက်လည်း လေ့လာပြီး လုပ်ဆောင်ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်. အကောင့်တခုမှ မိမိရဲ့ gmail..သည်သာလျှင် ပင်မ အရေးပါတယ်ဆိုတာ သိထားသင့်ပါတယ်..
ကိုဖတ်ပြီးမှ လက်ရှိ Facebook Account ကို လုပ်ပါမယ်။ ကဲ စရအောင်
အရင်ဆုံး မိမိအကောင့်ကို ဖွင့်ထားလိုက်ပါမယ်။ ဒီနောက်တော့အောက်ပါပုံအတိုင်း


မိမိအကောင့်ရဲ့ Settings ကိုသွားပါမယ်။ ထို့နောက်တော့


အထက်ပါပုံအတိုင်း Security ကို နှိပ်လိုက်ပါမယ်။ ပြီးသွားရင်တော့ညာဖက်ခြမ်းမှ စပြီး တစ်ခုချင်းစီလုပ်ဆောင်ပါ့မယ်။ အရင်ဆုံး    Login Alerts Services ကိုဖွင့်ပါမယ်။


Login Alerts ဆိုတာကတော့ သင့်အကောင့်ကို လက်ရှိသုံးနေကျBrowser မဟုတ်တဲ့ Any Browser, Any Devices မှ ၀င်ရောက်သုံးစွဲတဲ့အခါမှာ လှမ်းပြီး အသိပေးဖို့ဖြစ်ပါတယ်။ လက်ရှိကတော့
Don’t get notifications ဆိုတာဖြစ်နေပါမယ်။ ဒါကိုကျတော်တို့ကNotifications မှာရော Email address မှာရောကို မျှားအနီရောင်ပြထားတဲ့ Get Notifications နဲ့ Email loginalerts to MAIL ဆိုတာကို
ရွေးချယ်ပေးလိုက်ပြီး Save Changes လုပ်လိုက်ပါ့မယ်။ဒီအခါမှာသင်ပြောင်းလဲလိုက်တဲ့ Setting Configured အတွက်


အထက်ပါပုံအတိုင်း Password ပြန်တောင်းပါလိမ့်မယ်။ ကျတော်တို့က
Password ကိုရိုက်ပြီး Submit လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် Changed settingsဖြစ်သွားပါလိမ့်မယ်။
#Login Approval On ထားခြင်း
Login Approval On ထားတယ်ဆိုတာကတော့ သင့်အကောင့်ကိုမတူညီတဲ့ Devices, Browser ကနေ၀င်တဲ့အခါမှာ သင်ကိုယ်တိုင်းသင့်အကောင့်ရဲ့ Password ကို သိတာတောင်မှ သင့်အကောင့်ထဲ
ကိုဝင်ဖို့ OTP (One Time Password) ပုံစံမျိုး စက္ကန့် ၃၀ တိုင်းမှာပြောင်းလဲနေတဲ့ Code ကို ထည့်မှ ၀င်နိုင်တာမျိုးဖြစ်ပါတယ်။


ကျတော်တို့က အထက်ပါပုံအတိုင်းမှ မျှားအနီရောင်ပြထားတဲ့ Require security code to access my account from unknown   Browsers ဆိုတာကို အမှန်ခြစ်လေး နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်း သင့်အကောင့်ကို Login Approvals ခံဖို့အတွက်
Box ပေါ်လာရင် ကျတော်တို့က Get started ဆိုတာကို နှိပ်လိုက်ပါ့မယ်။
ဒီအချိန်မှာတော့


အထက်ပါပုံအတိုင်း ကျတော်တို့က Security Code ကို သတ်မှတ်ဖို့
အတွက် လက်ရှိ ဘယ် Devices ကိုသုံးနေတာလည်း ဆိုတာကို
သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကျတော်ကတော့ Android Devices
ကိုသုံထားတဲ့အတွက်ကြောင် Android, iPhone or iPod Touch
ဆိုတာကို Radius Check Box လေးကို နှိပ်လိုက်ပါမယ်။ပြီးရင်တော့
အောက်ပါပုံအတိုင်း


Continue ကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင့်အကောင့်ကို


Login Approval ဖွင့်ထားလိုက်ပြီဖြစ်ပါတယ်။ Login Approval
ဆိုတာကတော့ OTP နဲ့ အလားသဏ္ဍာန်တူတဲ့အတွက်ကြောင့်ထို Code ကိုရယူနိုင်ဖို့က Account Setting ထဲက Code Generatorထဲကနေသွားယူရတာဖြစ်ပါတယ်။ ဒါက ဘယ်အနေအထားမှာသုံးတာ
လည်းဆိုတော့ သင့်အကောင့်ကို သင့်ဖုန်းထဲမှာဝင်ထားတယ်….သင့်အကောင့်ကိုပဲ တစ်ခြားကွန်ပျူတာကနေ ၀င်ချင်တဲ့အခါ User Nameနဲ့ Password ကိုရိုက်ပြီးသွားတာတောင်မှ OTP Code ကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Account Setting ထဲက Code Generator ကနေ
သွားယူရမှာဖြစ်ပါတယ်။ထို့နောက် အောက်ပါပုံအတိုင်းပေါ်လာလျှင်

ကျတော်တို့က မိမိအကောင့်ရဲ့ Settings ကို Tab တစ်ခုအနေနဲ့ခေါ်ပြီး
အောက်ပါပုံအတုင်း


Set up ဆိုတာကို နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ သင့်အကောင့်အတွက်
Password ကိုအောက်ပါပုံအတိုင်း


တောင်းလျှင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်တဲ့အခါမှာတော့


အထက်ပါပုံအတိုင်း သင့်အကောင့်ကို Code Generator ဖွင့်ဖို့အတွက်
ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေရာမှာ သင်က သင့်ဖုန်းထဲမှာ Thirt-party  Utility ဖြစ်တဲ့ Google Authenticator ကို


မှာ သွားဒေါင်းပီး ဖုန်းထဲကို ထည့်ထားပါ့မယ်။ ထို့နောက်တော့ ကျတော်တို့က
ဖုန်းထဲမှာ သွင်းထားပီးရင် ယခု Facebook Account ကို OTP သတ်မှတ်မှာဖြစ်တဲ့အတွက်ကြောင့် သင့် ဖုန်းထဲသွင်းထားတဲ့ GA ကိုဖွင့်လိုက်ပါမယ်။


ထို့နောက် Set Up Account ကို နှိပ်လိုက်ပြီး


Enter Provide Key ဆိုတဲ့နေရာမှာ အပေါ်က QR Code ဖတ်တဲ့နေရာက
Secret Key ကိုရိုက်ထည့်ပေးလိုက်ပါမယ်


Name နေရာမှာကတော့ မိမိစိတ်ကြိုက်နာမည်ကိုထည့်ပီး လုပ်ပါမယ်။
ပြီးသွားရင်တော့ Add လုပ်ပေးလိုက်ပါ့မယ်။ထို့နောက်ပီးသွားရင်တော့


ထို Code Generator မှ ပြထားတဲ့ ကုဒ်ကို အပေါ်ကပုံအတိုင်းထည့်ပြီး
Confirm လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် သင့်အကောင့်ကို Code Generatorခံလိုက်ပီး ဖြစ်ပါတယ်။ 
#App Password ခံထားခြင်း
App Password ခံထားတယ်ဆိုတာကလည်း သင့်အကောင့်အတွက် မရှိမဖြစ်
လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက Account အတွက် Devices Password
လိုမျိုးဖြစ်ပါတယ်။


အထက်ပါပုံအတိုင်းမှ မျှားအနီရောင်လေးပြထားတဲ့ Generate appPasswords ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်


အထက်ပါပုံအတိုင်း ပေါ်လာရင်ကျတော်တို့ Generate App Passwords
ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ ကျတော်တို့က ဘယ် Devices
နဲ့ သုံးနေတာလည်း ဆိုတာကိုရေးပေးရတာဖြစ်ပါတယ်။ ဒီနေရာမှDevices တင်မဟုတ်ပဲ မိမိနာမည်နဲ့လည်း ရပါတယ်။ ဒါကြောင့် ကျတော်အောက်ပါပုံအတိုင်း


UZARNI လို့ရိုက်လိုက်ပါတယ်။ ထို့နောက် Generate Password ကို
နှိပ်လိုက်တဲ့အခါမှာတော့


အထက်ပါအတိုင်း သင့် နာမည်အတွက် Code 10 လုံးပါဝင်တဲ့
Password ကိုချပေးပါလိမ့်မယ်။ ဒါလေးကိုမှတ်ထားရပါမယ်။တစ်ချိန်ချိန်မှာ အသုံးဝင်လာပါလိမ့်မယ်။ ပြီးသွားရင်တော့ ကျတော်တို့က Finish ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်း


သင့်အတွက် Password ကို သိမ်းပြီးပါပြီဆိုတာကို ဖော်ပြပါလိမ့်မယ်။ကျတော်တို့က OK လုပ်လိုက်ပါ့မယ်။
#Mobile
ဒီနောက်ကျတော်တို့က အကောင့်ကို လုံခြုံမှုအတွက် ဖုန်းနဲ့ တစ်ဆင့်
ထပ်ခံထားပါ့မယ်။ ဒါကြောင့် အောက်ပါပုံအတိုင်း


Mobile ဆိုတာကို သွားပါမယ်။ ပြီးသွားရင်တော့ Add a phone ဆိုတာကို
နှိပ်လိုက်ပါ့မယ်။ ထိုနောက်တော့ကျတော်တို့က ဖုန်းနံပါတ်ထည့်ဖို့အတွက်


Add your phone number here ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်


အထက်ပါပုံအတိုင်း ဖုန်းနံပါတ်တစ်ခု Confirm လုပ်ဖို့ပေးပါလိမ့်မယ်။ကျတော်တို့ မိမိအမြဲတမ်း ကိုင်နေတဲ့ ဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်လိုက်ပါမယ်။


ထို့နောက်တော့ Continue ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင် သင့်ရဲ့ဖုန်းထဲသို့


ဝင်လာတဲ့ Code ၆ လုံးကို အထက်ပါအတိုင်း ဖြည့်ပြီး Confirm လုပ်
လိုက်ပါမယ်။ပြီးသွားရင်တော့


အောက်ပါအတိုင်း သင့်ဖုန်းနံပါတ်ကို Confirmed လုပ်ပြီးကြောင်းကို
Message ပြပါလိမ့်မယ်။ OK ကို နှိပ်လိုက်ပါမယ်။
 
#Trusted Contacts
Trusted Contact ကလည်း သင့်အကောင့်အတွက် အရမ်းအရေးကြီးပါတယ်။
ဘာကြောင့် အရေးကြီးလည်းဆိုတော့ သင့်အကောင့်ပါသွားရင်တောင်သို့မဟုတ်
သင့်အကောင်ကို Hack ဖို့ကြိုးစားတယ်ဆိုရင် ဒီ သုံးယောက်ကို ဖြတ်သွားနိုင်မှ
ရမှာမို့လို့ပါ ။ ဒါကြောင့် ကျတော်တို့က Trusted Contact ကို ထည့်ထားရပါတယ်။
Trusted Contact ကို ၅ ယောက်ထိထည့်လို့ရတယ်ဆိုပေမယ့် တစ်ကယ်အလုပ်လုပ်
တာကတော့ သုံးယောက်ဆီက Code သုံးခုပါပဲ။


ဒါကြောင့် ကျတော်တို့က မိမိရဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်း သို့မဟုတ်မိမိရဲ့ တစ်ခြားအကောင့် (ဘယ်သူမှ မသိတဲ့အကောင့်) ကို ထည့်ထားသင့်ပါတယ်။ကဲ… ဒီလောက်ဆို သင့်အကောင့်ကို ဟက်မခံရအောင် ၉၅%လုံခြုံရေး သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့် ၁၀၀ % အာမမခံ
တာလည်းဆိုတော့ တစ်ကယ်ကျွမ်းကျင်တဲ့ ဟက်ကာဆိုလား ဘာလားသူတို့ကတော့ အဲ့ဒီ ကျန်တဲ့ ၅ % ကနေ ဟက်ယူကြတာဖြစ်ပါတယ်။အဲ့တာကလည်း လက်ချိုးရည်လို့ရပါတယ်။…. ကဲ အားလုံးအဆင်ပြေ
မယ်ထင်ပါတယ်။လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်
Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း Reviewed by Anthony KaKap on 04:26 Rating: 5

facebook သုံးတဲ့သူများအတွက် updater Version - Facebook v72.0.0.0.59 APK

Android ဖုန်းဘော်ဒါတို့အတွက် ဘော်ဒါတို့၏ မိတ်ဆွေးကောင်း Facebook ဗားရှမ်းသစ်လေဖြစ်တဲ့ facebook application  လေးတင်ပေးလိုက်ပါတယ်။အထူးအထွေ ပြောစရာမလိုပါဘူး Facebook ကို ကလေးတွေသိပြီး အခုရှိရင် .... Updated လိုချင်းသူများအတွက် အောက်မှာသာဒေါင်းလိုက်ပါတော့ဗျာ....ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော39MB ဖြစ်ပြီး Android OS, Tablet အားလုံးမှာသုံးနိုင်ပါတယ်။
facebook သုံးတဲ့သူများအတွက် updater Version - Facebook v72.0.0.0.59 APK facebook သုံးတဲ့သူများအတွက် updater Version - Facebook v72.0.0.0.59 APK Reviewed by Anthony KaKap on 22:52 Rating: 5

Facebook မသုံးချင်တော့၍ အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း


ဒီနည်းလေးကတော့ အကောင့်ကို မသုံးချင်တော့၍ ဖျက်ချင်တယ်ဆိုရင် ဒီနည်းလေး

ကိုလုပ်ကြည့်ပါ  အခုတလော အကြောင်းအမျိုးမျိုးကြောင့် ဖွဘုတ်ခေါ်Facebook ကို

မသုံးချင်တော့ဘူးဆိုရင် အပြီးဖျက်တဲ့နည်းရှိသလို  ခဏအနေနဲ့ ပိတ်ထားချင်လည်း

ရပါတယ် ။လုပ်တဲ့နည်းက Facebook helpထဲမှာ ရေးထားပြီးသားပါ ။

  1. Click the account menu  at the top right of any Facebook page
  2. Choose Account Settings
  3. Select Security from the left-hand menu
  4. Click on "Deactivate your account"
 အဲ့နည်းကတော့ အကောင့်ကို ခဏပိတ်လိုက်တဲ့အတွက် ဖေ့ဘွတ်စာမျက်နှာမှာ

ပျောက်နေမှာပါ ။ လိုချင်တဲ့အချိန် ၊ ပြန်သုံးချင်တဲ့ အချိန်မှာ ပြန်ပြီး Active လုပ်လို့ 

ရပါတယ် message,invite,request တွေတော့ ၀င်နေမှာပါ ကိုယ်ပြန်သုံးတဲ့အချိန်

မှာ ပေါ်လာမှာပါ အကြောင်း အမျိုးမျိုးကြောင့် အပြီးမဖျက်ချင်ရင် ဒီနည်းသုံး.....။

အပြီးအပိုင်  ဖျက်ချင်တယ်ဆိုရင်တော့ -www.facebook.com/delete.

ကိုနှိပ်လိုက်ပါ. အကောင့်ဝင်ထားတာဆို Deleteပေါ်လာတယ်

မ၀င်ရသေးရင်တော့ အကောင့်ဖြည့်လိုက်. ဖျက်တာမြန်ပါတယ်

14 ရက်ကြာမှသာ ပျက်တာပါ ဒီကြားထဲ ပြန်ယူချင်လည်းရတယ်
Facebook မသုံးချင်တော့၍ အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း Facebook မသုံးချင်တော့၍ အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း Reviewed by Anthony KaKap on 16:39 Rating: 5

ကိုယ့်ရဲ့ Facebook အကောင့် Profile ကို ဘယ်သူတွေ လာကြည့်လည်း စစ်နည်း


Facebook သုံးသူတွေအနေနဲ့  ကိုယ့်အကောင့် ကိုယ့် wall နဲ့  ကိုယ့်ဆီကို

ဘယ်သူတွေလာကြည့်လည်း သိချင်ကြပါတယ် ။ ဥပမာ ရည်းစားဟောင်း

တိတ်တခိုးချစ်ရသူ တစ်ခုခုပေါ့ ။ ဘယ်သူ ငါ့ Facebook wall လာကြည့်လဲ

သိချင်ကြပါတယ် ။ အောက်က လင့်ကိုနှိပ်ပြီး တစ်ဆင့်ချင်း လုပ်ကြည့်ပါ


ဒီကိုနှိပ်  Facebook Visitor Checker

မော်ဇီလာ Add on အဖြစ် အင်စတောလုပ်လိုက်ပါ

ပြီးရင် Restart ချပြီး Facebook ဖွင့်လိုက်ရင် Profile နဲ့  Home  ဘေးမှာ

I-f ဆိုတာလေး ပေါ်နေပါလိမ့်မယ် နှိပ်လိုက်ရင် ပုံမှာပြထားသလိုရပြီ

မှန်လား မမှန်လားဆိုတာကတော့ ကိုယ်တိုင်စမ်းကြည့်ပါ

ကျနော်စမ်းသပ်ပြီး လုပ်ကြည့်ထားတာ မှန်လားမမှန်လားသိဘူး :P

ကိုယ့်ရဲ့ Facebook အကောင့် Profile ကို ဘယ်သူတွေ လာကြည့်လည်း စစ်နည်း ကိုယ့်ရဲ့ Facebook အကောင့် Profile ကို ဘယ်သူတွေ လာကြည့်လည်း စစ်နည်း Reviewed by Anthony KaKap on 16:35 Rating: 5

Facebook Messenger(Version50.0.0.11.67^&1.6.004)

Facebookအသုးံပြုသူ​တွေအတွက်​Facebook Messengerversionအစုံတ​နေရာထဲက​နေမိမိတို့စိတ်​ကြိုက်​ dowloadရယူနိုင်ဖိုအတွက်ပြန်လည်မျှ​ဝေလို က်ပါတယ်Version်50.0.0.11.67&1.6.004အထိကြိုက်​နှစ်​သက်​ရာ​ဒေါင်းယူနိုင်​မှာဖြစ်​ ပါတယ်



အဆင်​​ပြေပါ​စေ      http://www.khinmaunghtoo.net/
Facebook Messenger(Version50.0.0.11.67^&1.6.004) Facebook Messenger(Version50.0.0.11.67^&1.6.004) Reviewed by Anthony KaKap on 17:49 Rating: 5

Facebook ပေါ်တွင် Mp-3 တင်နည်း

မင်္ဂလာ ​ပါ ကျွန်နော် သည်​တ​ခါ ရေးသား​ဖြစ်​တဲ့ နည်း​ပညာ​လေး​ကတော့  လူ​တွေ​အများ​ဆုံး အသုံးပြု နေ​ကြ​တဲ့ Facebook မှာ Video တွေ​ကို Post တင်​လို့ လွယ်ကူ​ပေ​မယ့်  Mp3 ကိုတော့ တင်​ဖို့ ခက်ခဲ​ကြ​ပါ​တယ်  အဲ​အတွက် အရမ်း​ကို လွယ်ကူ​ရိုး​ရှင်း​တဲ့ နည်း​လမ်း​လေး​လည်း​ဖြစ်​တဲ့ အတွက်
ကျွန်တော် ခု​လို​ရေးသား မျှဝေ​လိုက်​ခြင်း​ဖြစ်​ပါ​တယ်.. ဒါ​ကတော့ Facebook ပေး​မှာ Mp-3 သီချင်း​တွေ​ကို Sound Cloud Apk လေးကနေ မိမိ​တို့ FB ပေါ်​မှာ အလွယ်​တ​ကူ​တင်​နိုင်​မဲ့​နည်း​လမ်း​လေး​ပါ။
အောက်မှာ နည်း​လမ်း​ကို​ပုံ​လေး​တွေ​နဲ့ တစ်​ကွ ရှင်း​ပြ​ထား​ပါ​တယ်နော်..လေ့​လာ​လိုက်​ကြ​စို့
ပထမဆုံး မိမိ​တို့ ဖုန်း​မှာ လို​အပ်​တာ Sound  Cloud Apk  လေးဘဲဖြစ်ပါတယ် ဒါ​ကို Playstore တွေမှာလည်း ဒေါင်း​လို့​အဆင်​ပြေ​ပါ​တယ်...သည်မှာ​လည်း​လင့်​ချ​ပေးလိုက်​ပါ​တယ်
ဒေါင်း​ပြီး​တာ​နဲ့ ဖုန်း​မှာ Install လုပ်​ပေး​ပြီး ဖွင့်​လိုက်​ပါနော်
ဒါဆို ပုံ​မှာ​ပြ​ထား​သ​လို Sing Up for Sound Cloud ဆိုတာကလစ်လိုက်ပါ။ နောက်​တ​ဆင့်​ကတော့
အကောင့်ဝင်ရမှာဖြစ်ပါတယ် ဝင်​ဖို့ နည်း​လမ်း​တွေ ရှိ​ပါ​တယ် ကျွန် တော်​ကတော့ အပေါ်​ဆုံး​က Sing in with Google ဆိုတာနဲ့ဝင်လိုက်ပါတယ် ဖုန်း​မှာ​ရှိ​ပြီး​သား​အကောင့်​နဲ့​ပေါ့.. ဒါ​မှ​မဟုတ်
အောက်မှာ Email  &  Password ဆိုတာမှာ အကောင့်​လုပ်​ပြီး​ဝင်​လိုက်​လို့​ရ​ပါ​တယ်။
အကောင့်​ဝင်​လိုက်​တာ​နဲ့ အောက်​က​ပုံ​တိုင်း Continue ဆိုတာကလစ်ပါ ခဏ​စောင့်​လိုက်​ပါ အကောင့်​အတည်​ဖြစ်​တာ​နဲ့ FINISH ဆိုတာနဲ့ ပုံ​လေး​လို​ပြ​လာ​ပါ​မယ်။
အို ​ကေ ဒါ​ဆို မိမိ​တို့ အကောင့်​တ​ခု​ရ​တာ​မို့ ပြန်​ပိတ်​လိုက်​လို့​ရ​ပါ​ပြီနော်.. ကျွန်တော်​တို့ သီချင်း​တင်​ဖို့​အတွက် ဖုန်း ထဲ​က သီချင်း​ရှိ​တဲ့ နေရာ​သွား​ကြ​မယ်နော် ကိုယ်​တင်​လို​တဲ့ Mp-3 သီ​ချင်းပေါ် ဖိ​ထား​ပေးလိုက်​ပါ..ပြီး​တာ​နဲ့​တက်​လာ​တဲ့​ဘောက်​လေး​ထဲ​က Share Via ဆိုတာကလစ်လိုက်ပါ။
အို​ကေ ဒါ​ဆို ခဏ​စောင့်​နေ​လိုက်​ပါနော် တင်​တဲ​က​နေရာ​မှာ စိတ်​ကြိုက် ပုံ​ထည့်​လိုက်​ပါ သီချင်း​အမည် ထည့်​ပါ.. ပြီး​တာ​နဲ့ အောက်​က  Post  ဆို​တာ​က​လစ်​လိုက်​ပါ.. တင်​နေ​တာ​ကို​တွေ့​နေ​ရ​ပါ​ပြီ..
100% ထိစောင့်နေ​လိုက်​ပါ ။
ပြည့်​ပြီ​ဆို​တာ​နဲ့ ဖုန်း​မှာ ွ​ရှိ​တဲ့  Sound Cloud Apk ကိုဖွင့်ပေးလိုက်ပါ ကြည့်​လိုက်​ပါ။
တင်ထားတဲ့ သီချင်း​တွေ တွေ​က​နေ​ရ​ပါ​ပြီ  Facebook ပေါ်​တင်​လို​သော​သီချင်း​ကို က​လစ်​ပြီး​ဖွင့်​လိုက်​ပါ
အဲခါမှာ အောက်​ခြေ​မှာ ရှိ​တဲ့ အစက်​ကလေး​သုံး​စက်  က​နေ​က​လစ်​လိုက်​ပါ Share ဆို​တာ​ဆက်​က​လစ်​ပါ။
ဒါ​ဆို ဘောက်​တစ်​ခု​တက်​လာ​မှာ​ဖြစ်​ပါ​တယ် အဲ​ထဲ​က မိမိ​တို့ Facebook ဆို​တာ​နဲ့ က​လစ်​ပြီး​သွား​လိုက်​ပါ။
အချိန် ခဏ​တော့ စောင့်​ပေး​နေ​လိုက်​ပါ Facebook  ပေါ်​မှာ Post Upload တင်​နေ​မှာ​ဖြစ်​ပါ​တယ်.. ပြီး​တာ​နဲ့ မိမိ​တို့ Facebook  ကို​ဝင်​ကြည့်​လိုက်​ပါ.. တင်​ထား​တဲ့ သီချင်း​လေး​ကို 
တွေ့မြင်ရမှာဖြစ်ပါတယ်နော်.. ဒါ​ဆို အဆင်​ပြေ​ပါ​ပြီ....။
အဆင်​ပြေ​မယ်​လို့ မျှော်လင့်​ရင်း တတ်သိ​လေ့​လာ​မိ​သ​လောက် ပြန်လည် မျှဝေ​လိုက်​ရ​ပါ​တယ်​ခင်္ဗျာ
သည်နည်းလမ်းလေးကို စာအုပ်​အဖြစ် ဒေါင်း​ယူ​လို​ပါ​က
ဘ​လော့​ခရီးသည် ( မျှဝေ​သူ )
Facebook ပေါ်တွင် Mp-3 တင်နည်း Facebook ပေါ်တွင် Mp-3 တင်နည်း Reviewed by Anthony KaKap on 17:31 Rating: 5
ads 728x90 B
Theme images by Radius Images. Powered by Blogger.