Results for နည်းပညာ

RAM ( Random Access Memory ) လေ့လာကြည့်ရအောင်






ကွန်ပျူတာ တစ်လုံးမှာ မပါမဖြစ်လေး တစ်ခုဖြစ်တဲ့ RAM အကြောင်း ဗဟုသုတ အနေနဲ့ ကျွန်တော် သိသလောက် ဝေမျှပေးလိုက်ပါတယ်။

RAM မှာ  Type အမျိုးအစားတွေက DDR1, DDR2, DDR3, DDR4  ဆိုပြီး မြင်ဖူးကြပါလိမ့်မယ်။ DDR ဆိုတာက ( Double Data Rate ) ပါ။ RAM က ဘာအတွက် အလုပ်လုပ်လဲဆိုရင်  ကွန်ပျူတာ ဖွင့်နေစဉ်အတွင်းမှာ အချက်အလက်တွေကို ယာယီ မှတ်သားထားတာပါ။ ကွန်ပျူတာ ပိတ်လိုက်တာနဲ့ အသုံးပြုခဲ့သမျှက HardDisk ထဲ သွားသိမ်းဆည်းပါတယ်။ ဖွင့်ထားစဉ် အတွင်းတော့ RAM ထဲမှာ ယာယီသိမ်းတာပေါ့ ကွန်ပျူတာ ပိတ်သွားမှ HardDisk ထဲ သိမ်းတာပါ။

RAM မှာ  Memory ပမာဏကို  B( byte ) ဖြင့် တိုင်းပါတယ်။ ဥပမာ - 512MB, 1GB, 2GB, 4GB, 8GB အစရှိသဖြင့်ပေါ့။ GB များလေ ယာယီသိမ်းဆည်းနိုင်တဲ့ ပမာဏများလေပေါ့။

အဲဒီမှာ RAM ဝယ်ရင် ကြည့်ရမှာက  Speed ပေါ့။ Speed ကို Hz နဲ့ တိုင်းပါတယ်။ ဥပမာ - 800MHz , 1066MHz တို့ပေါ့။ RAM တစ်ချောင်းထဲ စိုက်တဲ့အခါ ပြဿနာမဟုတ်ပေမယ့် RAM နှစ်ချောင်းစိုက်တဲ့အခါ ဥပမာဆိုပါစို့ DDR2 2GB နှစ်ချောင်းစိုက် 4GB ပေါ့။ စက်က လေးနေတယ်။ ပြောချင်တာက Speed မတူရင် နိမ့်တဲ့ Speed နဲ့ သွားပါတယ်။ DDR2 2GB နှစ်ချောင်းစိုက်လို့ 4GB ဟာ ယာယီ သိမ်းဆည်နိုင်တဲ့ Memory ပမာဏပါ။ မြန်နှုန်း Speed မဟုတ်ပါဘူး။ စက်မြန်ချင်ရင် Speed တူတာ ရွေးချယ်တပ်ဆင်ပါ။ DDR3 1333MHz ဆိုရင် DDR3 1GB နဲ့ 2GB တွဲစိုက်ရတယ်။ ယာယီသိမ်းဆည်းနိုင်တာက 3GB အမြန်နှုန်း Speed သွားတာက  1333MHz နဲ့ပေါ့။

Credit...aungmyintmatit.blogspot.my
RAM ( Random Access Memory ) လေ့လာကြည့်ရအောင် RAM ( Random Access Memory ) လေ့လာကြည့်ရအောင် Reviewed by Anthony KaKap on 20:24 Rating: 5

SAMSUNG GALAXY S8, S8+ မှာထည့်သွင်းပေးထားတဲ့ လုံခြုံရေးနည်းပညာတွေအကြောင်း”


Image may contain: 1 person, text

စမတ်ဖုန်းများမှာအရေးကြီးတဲ့ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကိုသိမ်းဆည်းထားတဲ့အတွက်လုံခြုံရေး ဟာဦးစားပေးအရာဖြစ်ပါတယ်။ အဲဒီအတွက်သင့်ဖုန်းမှာမျက်စိကိုစစ်ဆေးပေးနိုင်တဲ့Iris Scanning ဟာမရှိ မဖြစ် လိုအပ်ပါ တယ်။သင့်ရဲ့ဒေတာများကိုအလုံခြုံဆုံးနဲ့အဆင်အပြေဆုံး ကာကွယ်ပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။Samsung ရဲ့လုံခြုံရေး ဆော့ဝဲ ဖြစ်တဲ့ Knox ဖြင့်ကာကွယ်ပေးထားပါတယ်။Samsung အနေနဲ့Note 7 ဖုန်းတွေမှာပထမဆုံးထည့်သွင်းပေး လာခဲ့တဲ့နည်းပညာဖြစ်ပြီးအခုတော့ Galaxy မှာပါထည့်သွင်းပေးလာခဲ့ပါပြီ။ကျွန်တော်တို့မျက်လုံးရဲ့Patterns များဟာအလွန်ရှုပ်ထွေးပြီးလူတစ်ယောက်တည်းမှာကိုပဲသူ့မျက်လုံးနှစ်လုံး ဟာ မတူညီကြပါဘူး။မျက်လုံးကိုစစ်ဆေးခြင်းဟာS8မှာဘာအမှတ်အသားမှ မကျန်စေပါဘူး။အဲဒီအတွက်အခြား လူများပုံတူကူးလို့လည်းမရပါဘူး။သင့်ရဲ့ ဒေတာများကိုကာကွယ်ဖို့အလုံခြုံဆုံးနည်းလမ်းပါပဲ။

ဒီနည်းပညာဟာစိတ်ကူးယဉ်science fiction တွေကနေတကယ့်science fact ဖြစ်လာတဲ့အချက်ဖြစ်ပါတယ်။Iris scanning နည်းပညာဟာတစ်ခုနဲ့တစ်ခု ချွတ်စွပ်တူတဲ့မျက်ကြည်လွှာအရစ်မရှိဘူးဆိုတဲ့အချက်ကိုအခြေခံထားတာပါ။ မျက်လွှာအရစ်မှာtexture ပိုင်း၊အရောင်ပိုင်းရှိနေတဲ့တစ်ရှူးတွေဟာလူတွေမှာ တစ်ယောက်နဲ့တစ်ယောက်တူညီမှုမရှိကြပါဘူး။မျက်လွှာအရစ်တွေဟာ အမိဝမ်းဗိုက်ထဲမှာပေါ်ချင်သလို ပုံပေါ်လာတာဖြစ်ပြီးအသက်၈လအရွယ်မှာ လုံးလုံးလျားလျားပြည့်စုံသွားပါတယ်။အဲဒီအချိန်ကစလို့တစ် ဘ၀လုံးအပြောင်းအလဲမရှိတော့ပါဘူး။Iris scan လုပ်နေချိန်မှာCCD digital camera ကမျက်လုံး ကိုhigh contrast ပုံတွေရိုက်ကူးလိုက်ပါတယ်။ မြင်ရတဲ့အလင်းလှိုင်းတွေ ကိုရော၊ မမြင်နိုင်တဲ့အနီအောက်ရောင်ခြည်နဲ့ပါရိုက်ကူးတာပါ။မျက်ကြည်လွှာ ရဲ့အရစ်ဟာမျက်နက်သားနဲ့မျက်ဖြူသားတို့ရဲ့စပ်ကြားနေရာလေးမှာရှိနေ တာဖြစ်ပါတယ်။Pattern recognition software ဟာဒီအရစ်ကိုmap လုပ်ပြီး၊ အရာတွေ၊အစင်းတွေကိုမှတ်သားပါတယ်။

Iris recognition system တွေဟာbiometric technologies တွေထဲမှာ မှန်ကန်မှုအရှိဆုံးပါပဲ။သူ့မှာက အခြားသောနည်းပညာတွေထက်reference point တွေပို၍ပါဝင်လာပါတယ်။ဥပမာfingerprint မှာ ဆိုရင်၆၀ကနေ ၇၀လောက်ပဲရှိပေမယ့်Iris မှာကအချက်ပေါင်း၂၀၀လောက်ရှိပါတယ်။ မျက်ကြည်လွှာအရစ်ကိုတိုင်းတာတဲ့Iris scanner နဲ့မျက်ကြည်လွှာRetina ကိုတိုင်းတာတဲ့စနစ်၊အဲဒီနှစ်ခု မတူပါဘူး။Retina ကိုတိုင်းတာကမျက်လုံး နောက်ဘက် ကသွေးကြောတွေရဲ့pattern တွေကိုတိုင်းတာတာပါ။

<Face Recognition(Open with your face)>

Samsung ဟာအစဉ်အလာလိုထည့်သွင်းလာတဲ့Home Button ကိုဖြုတ်လိုက် မှုကြောင့်ကြီးမားတဲ့မျက်နှာပြင်ကိုဖန်တီးလာပါတယ်။သို့ပေမယ့်Samsung အနေနဲ့လက်ဗွေရာစနစ်ကိုတော့ဖုန်း ရဲ့နောက်ကျောဘက်မှာထည့်သွင်းပေးထားပါသေးတယ်။သင့်အနေနဲ့လုံခြုံရေးစနစ်ကိုနောက်မှာထည့်သွင်းထားတာမကြိုက်ဘဲရှေ့မှာပါတာမျိုးကိုမှကြိုက်တယ်ဆိုရင်လည်းနောက်တစ်မျိုး သုံးနိုင်အောင်ထည့်သွင်းပေးထားပါသေးတယ်။Samsung ဟာမျက်နှာစကင်စနစ် ထည့်သွင်းပေးထားပါတယ်။သင့်အနေနဲ့ဖုန်းရှေ့မှာမျက်နှာထားလိုက်ရုံဖြင့် ဖုန်းကိုဖွင့်နိုင်ပါမယ်။ဖုန်း လုံခြုံရေးအတွက်ပိုမိုစိတ်ချရလာစေပါတယ်။မျက်နှာစကင်စနစ်ကလည်းအလွန်လျင်မြန်လှပါတယ်။ဒီစနစ်ဟာကျွန်တော်တို့ရဲ့ မျက်နှာသွင်ပြင်ကိုကြည့်ပြီးဘယ်သူဘယ်ဝါဆိုတာခွဲခြားပေးမယ့်စနစ်ဖြစ်ပါ တယ်။လူသားတွေဟာမျက်နှာတွေကိုမှတ်သားတာ၊မှတ်သားထားတဲ့မျက်နှာ တွေကိုဘယ်သူဘယ်ဝါခွဲခြားတာတွေလုပ်ပေးနိုင်စွမ်းရှိပါတယ်။ဒီအလုပ်ကို လုပ်ဖို့အတွက်ဦးနှောက်ရဲ့အတွင်းပိုင်းမှာသီးသန့်နယ်ပယ်တစ်ခုရှိနေပါတယ်။ဒါပေမယ့်ကွန်ပျူတာတွေကလည်းသဘာဝကိုအမီလိုက်နိုင်ခဲ့ပါပြီ။Automatic facial recognition systems တွေဟာလူတွေရဲ့မျက်နှာကျကိုမှတ်သားပြီး၊ ခွဲဖြာလေ့လာတဲ့အတတ်ပညာဖြစ်ပါတယ်။ဓာတ်ပုံတွေ၊ဗီဒီယိုတွေ၊ဒါမှမဟုတ် 3D surface maps တွေကိုအသုံးပြုထားတဲ့နည်းပညာပါ။ 

ဒီနည်းပညာမှာfaceprintဆိုတာကိုမျက်နှာပေါ်မှာရှိနေတဲ့အသက်အရွယ်ကို လိုက်ပြီးပြောင်းလဲမှုမရှိတဲ့ အမှတ်တွေကိုတိုင်းတာထားပြီးမှတ်သားထားတာပါ။အထူးသဖြင့်တော့မျက်တွင်းတွေရဲ့အရွယ်အစား၊ မျက်လုံးနှစ်ခုကြားအကွာ အဝေး၊နှာခေါင်း၊ပါးစပ်နဲ့မေးရိုးတွေ၊နားခေါင်းပေါက်တွေရဲ့အကျယ်နဲ့ပါးစောင်ရိုးရဲ့တည်ဆောက်ပုံတွေကိုအဓိကတိုင်းတာတာပါ။ဒီနည်းပညာမှာကလူကိုယ် တိုင်ကြီးမတ်တပ်ရပ်ပြီးကင် မရာရှေ့မှာနေနေစရာမလိုဘဲ၊ဘယ်သူမှမသိ အောင်အဝေးကနေလှမ်းပြီးထောက်လှမ်းနိုင်တဲ့အတွက်surveillance လုပ်တဲ့လုပ်ငန်းမျိုးတွေမှာသိပ်အသုံးဝင်ပါတယ်။3Dစနစ်ကြောင့်အမှောင်ထဲ မှာလည်းပဲဒါကိုအသုံးပြုနိုင် ပါတယ်။ရိုက်ထောင့်အနေနဲ့လည်း၉၀ဒီဂရီအထိ လက်ခံနိုင်ပါတယ်။စနစ်ဟာအမှားလုံးဝမရှိတာမျိုးမဟုတ်ပေမယ့်လည်း အတော်ကလေးတော့လုံခြုံမှုရှိပါ တယ်။

<Fingerprint Scanner(Open with a touch)>

စမတ်ဖုန်းတွေ၊လေဆိပ်တွေမှာအသုံးပြုတဲ့fingerprint scanners တွေ ဘယ်လိုအလုပ်လုပ်သလဲ။fingerprint တွေကိုသုံးပြီး၊indentificationတွေ လုပ်ပေး တဲ့စနစ်ဟာကမ္ဘာပေါ်မှာရှေးအကျဆုံးနဲ့အကျယ်ပြန့်ဆုံးအသုံးပြု နေတဲ့ biometic method ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့လက်ဗွေရာတွေဟာ ခရုပတ်ပုံတွေ၊ ရစ်ဘီးနဲ့ရစ်ထားသလိုအရစ်အရစ်တွေ၊အကုံးအကွေ့တွေဟာ အမိဝမ်းတွင်းမှာသူ့ဟာနဲ့သူကျ ပန်းပေါ်ပေါက်လာတဲ့ဟာတွေဖြစ်ပါတယ်။ အမေ့ဗိုက်ထဲကထွက်လာကတည်းကသေတဲ့အချိန်အထိမပြောင်းလဲတော့ပါဘူး။နှင်းပွင့်လေးတွေမှာလိုပဲသူတို့မှာလည်း ဖြစ်နိုင်ခြေပုံစံအနေနဲ့ကအရေ အတွက်အဆုံးအစမရှိပါဘူး။သိပ္ပံပညာရှင်တွေအနေနဲ့ချွတ်စွပ်တူတဲ့ လက်ဗွေရာနှစ်ခုမရှိနိုင်ဘူးလို့ယူဆထားကြပါတယ်။ရှေးခေတ် ဘာဘီလုံ မြို့သားတွေဟာလက်ဗွေရာတွေကို ကျွန်တော်တို့အခုခေတ်လက်မှတ်ထိုးသလိုအသုံးပြုခဲ့တယ်ဆိုတဲ့အထောက်အထားတွေတွေ့ခဲ့ရပေမယ့်၊ တကယ်တမ်း စနစ်တစ်ကျအသုံးပြုခဲ့တာကတော့၁၈၉၂မှာSir Francis Galton က လက်ဆယ်ချောင်းစလုံးအတွက်လက်ဗွေရာတွေကိုမှတ်တမ်းပြုစစ်ဆေးနိုင် မယ့်နည်းလမ်းကိုဖန်တီးပေးခဲ့ တာဖြစ်ပါတယ်။လက်ဗွေရာမှာပါတဲ့အစမှတ် လေးတွေ၊လိုင်းတစ်ခုကနေနှစ်ခုဖြာပြီးကွဲသွားတာတွေအဲဒီလို မျိုးlandmark နေရာတွေကိုစနစ်တကျစစ်ဆေးတာမျိုးကိုGalton ကဖန်တီးပေးခဲ့တာပါ။ 

ဒါကြောင့်လည်းအဲဒီpoint တွေကိုGalton Points လို့ခေါ်တာဖြစ်ပါတယ်။ Galton ကပေးခဲ့တဲ့အမွေအနှစ်တွေဟာဒီနေ့ခေတ် လက်ဗွေရာ တိုက်ဆိုင် စစ်ဆေးမှုတွေမှာအသုံးဝင်နေဆဲဖြစ်ပါတယ်။သူ့ရဲ့Point တွေရဲ့ location နဲ့orientation တွေကိုအသုံးပြုနေဆဲပါပဲ။ဒါမျိုးကိုminutiae လို့ခေါ်ကြ ပါတယ်။ ကွန်ပျူတာနည်းပညာတွေအားကောင်းလာချိန်ဖြစ်တဲ့၁၉၆၀ခုနှစ်တွေကို ရောက်လာချိန်မှာfingerprintmatching သည်အလိုအလျောက်ဖြစ်သွား ပါတယ်။ဒီနေ့ခေတ်မှာတော့FBI ရဲ့Integrated Automated Fingerprint Identification System (IAFIS)ဟာလူသန်း၁၀၀ရဲ့လက်ဗွေရာတွေကို ထိန်းသိမ်း ပေးထားပြီးတစ်နှစ်မှာအဲဒီdatabase ထဲကိုဝင်ရောက်ရှာဖွေမှု ပေါင်းအကြိမ်ရေသန်း၆၀လောက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ဒီလက်ဗွေရာတွေကိုအကြောင်းပြချက်မျိုးစုံနဲ့စုဆောင်းနေပါတယ်။ မှုခင်းဖြစ်တဲ့နေရာတွေမှာfine powder ဒါမှမဟုတ်reactive chemical တွေတို့သုံးပြီး တော့ရယူနိုင်စွမ်းလည်းရှိသလို၊လူကိုယ်တိုင်ရဲ့လက်ချောင်းကနေတိုက်ရိုက်ရယူလို့လည်းရပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်sensor တွေအများအပြား ပါဝင်တဲ့နည်းပညာနဲ့ဒစ်ဂျစ်တယ်ဖမ်းယူသိမ်းဆည်းမှုတွေ ပြုလုပ်နိုင်နေပါပြီ။ အဲဒီလိုလက်ဗွေရာရယူရာမှာoptical, thermal နဲ့capacitance sensor တွေ အပါအ၀င်နည်းပညာတွေအများအပြားကိုအသုံးပြုနေကြပါတယ်။
SAMSUNG GALAXY S8, S8+ မှာထည့်သွင်းပေးထားတဲ့ လုံခြုံရေးနည်းပညာတွေအကြောင်း” SAMSUNG GALAXY S8, S8+ မှာထည့်သွင်းပေးထားတဲ့ လုံခြုံရေးနည်းပညာတွေအကြောင်း” Reviewed by Anthony KaKap on 00:50 Rating: 5

မီဒီယာ ဝဘ်ဆိုဒ်တစ်ခု ထောင်မယ်ဆိုရင်



မီဒီယာ ဝဘ်ဆိုဒ်တစ်ခု ထောင်မယ်ဆိုရင်
E commerce ခေါင်းစဉ်အောက်ထဲမှာ တစ်ခုအနေနဲ့ အကြုံးဝင်မှာပါ။ E Media Business, E Community Business ခေါင်းစဉ် အောက်ထဲမှာ အကြုံး ဝင်မှာပါ။ မြန်မာ ပြည်မှာလည်း ကိုယ်တိုင် ဖန်တီးလို့ အဘက်ဘက်က အောင်မြင်နေကြပါပြီ။

မြန်မာဘာသာနဲ့ ရေးသား ထားတဲ့ ဝဘ်ဆိုဒ်တွေ၊ ဘလောဂ်တွေကို စာရင်းစုလိုက်ရင် ထောင်ပေါင်းများစွာ ရှိမယ်ထင် ပါတယ်။ သို့ပေမယ့် တကယ်လူသိများတာကတော့ အနည်းစုပါ။ နိုင်ငံခြားမှာ ဆိုရင် Log in အကောင့်ဝယ်မှ ဝင်ကြည့်ခွင့်ရှိမယ့် သတင်းပုံစံမျိုးတွေ လုပ်ပါတယ်။ ဒီတော့ Data ရောင်းတဲ့ Commerce တစ်ခုပုံစံလည်း ပေါက်ပါတယ်။ ကဲ ကျနော်တို့ အကျယ်တစ် ဝင့် ဆွေးနွေး ရအောင်။
ဘယ်လို မီဒီယာ အမျိုးအစားလဲ

 
အွန်လိုင်းမီဒီယာတော့ မီဒီယာပဲ။ သို့ပေမယ့် သူက အမျိုးအစား များစွာ ရှိတယ်။ ပြည်တွင်း၊ ပြည်ပ သတင်းစုံ မီဒီယာ၊ နည်းပညာ သီးသန့်မီဒီယာ၊ ဖျော်ဖြေရေးမီဒီယာ၊ စီးပွားရေး သတင်း မီဒီယာ၊ နိုင်ငံရေး သတင်းမီဒီယာ အစရှိသဖြင့် အမျိုးအစားခွဲရင် မကုန်နိုင်ပါဘူး။ ဒီတော့ ကိုယ်လုပ်ချင်တဲ့ မီဒီယာ အမျိုးအစားကို ခွဲခွဲခြားခြား သိဖို့ လိုပါတယ်။
ဘယ်လို ဝဘ်ဆိုဒ်လိပ်စာ အမည်ပေးမလဲ
ဒါအရေးအကြီးဆုံး ထဲက တစ်ချက်ပါ။ URL name/ domain name တစ်ခု Unique ဖြစ်အောင် ရွေးချယ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည် အတွက်ပဲ Target ဆိုရင် မြန်မာတွေ နားလည် လွယ်မယ့် အမည်တွေ ပေးလို့ရမယ်လေ။ ဥပမာ ရွှေကို Golden မသုံးပဲ Shwe လို့ အစားထိုးသုံး သလိုပေါ့။ နောက် ပိုင်း နိုင်ငံတကာ အထိ ထိုးဖောက်ဖို့ ရည်ရွယ်တယ် ဆိုရင်တော့ နိုင်ငံတကာ အနေနဲ့ပါ မှတ်လို့လွယ်မယ့် အမည်အမျိုးအစား ပေးဖို့ လိုပါမယ်။ ဥပမာ cnn.com, bbc.co.uk, nhk, nytimes, cnet အစရှိ သဖြင့် နိုင်ငံတကာက အောင်မြင် နေတဲ့ ဝဘ်ဆိုဒ်တွေကို ကြည့်လိုက်ရင် သူတို့ ပေးတဲ့ အမည်တွေက အင်မတန် မှတ်ရ လွယ်တာ တွေ့ရပါတယ်။
ဘယ် ဒိုမိန်းသုံးမလဲ
ဒီမှာ Level ထပ်ခွဲရပါတော့မယ်။ ငွေရှိသူနဲ့ ငွေမရှိသူပေါ့။ ငွေမရှိသူအတွက် အရင်ပြောပါမယ်။ အားငယ်စရာ မလိုပါဘူး။ ငွေမရှိလဲ ဝဘ်ဆိုဒ်တစ်ခု အလွယ်တကူ လုပ်လို့ရပါတယ်။ Blogspot နဲ့ Word Press ကိုသုံးပါ။ နောက်မှာ Name တစ်ခုဝယ်ပြီး .com / .net. / .org အစရှိသဖြင့် မြန်မာငွေ တစ်သောင်း ဝန်းကျင်နဲ့ ဝယ်နိုင်ပါတယ်။ Web Server ကတော့ မူရင်းဖြန့်ချိပေးတဲ့ Google, Word Press တို့လို ဟာက ပေးတဲ့ Free service ပေါ့။ နောက်ပိုင်း ကိုယ်က ငွေရှိလာပြီဆိုမှ အချက်အလက်တွေလည်း Back up လုပ်ချင်တယ်။ သေချာ စနစ်တကျ ခွဲချင်တယ်။ ကိုယ်တိုင်သိမ်းချင်တယ်ဆိုရင် ငွေပေးရတဲ့ Hosting၊ ဆာဗာများကို အသုံးပြု နိုင်ပါတယ်။ ဈေးအသက်သာ ဆုံး မြန်မာငွေ သောင်းဂဏန်းကနေ ခပ်များများ သိန်းဂဏန်းအထိ အစားစား ရှိပါတယ်။ ဒီအတွက် ငွေနိုင်သလောက် တစ်ဆင့်ချင်း သွားနိုင်ပါတယ်။
ငွေရှိသူများအတွက်ကတော့ အဆင်ပြေပါတယ်။ ကိုယ်ပိုင် Web Hosting, Server နဲ့ Run လို့ကောင်းမှာပါ။ ကိုယ်ပိုင်ဆိုပေမယ့် ကိုယ့်မှာလည်း ရှိချင်မှ ရှိမှာပေါ့။ ကြားမှ တစ်ဆင့်ဝန်ဆောင်မှုပေးတဲ့ service provider တွေဆီ ကနေ ဝယ်ယူနိုင်ပါတယ်။ အများစုကတော့ အနောက်တိုင်း Base Hosing နဲ့ Server ကိုလှမ်းချိတ်တဲ့ Service provider များဖြစ်ပြီး Unlimited လား၊ 1GB လား၊ 2GB လား အစရှိသဖြင့် အမျိုးမျိုးကွဲ ပါသေးတယ်။ လူဦးရေ ဘယ်နှစ်ယောက်ဝင်ကြည့်ပြီးရင် Site Down ဖြစ်သွားတယ်ဆိုတာက အစ ကိုယ်ဝယ်တဲ့ ပမာဏ အပေါ် မူတည်ပါတယ်။ ဒါကို မဝယ်ခင်ကတည်း က သေချာလေ့လာရပါမယ်။ connection stable ဖြစ်လား၊ Security စိတ်ချရလား၊ Back up plan ရှိလား အစရှိသဖြင့်ပေါ့။
ဘယ် Web Programming Language/ Application သုံးမလဲ
ငွေမရှိသူများ အခမဲ့ရတဲ့ Blog တွေ၊ word press တွေသုံးရင်တော့ သူတို့ပေးတဲ့ simple feature များနဲ့ လုံလောက်ပါတယ်။ သုံးရတာ လွယ်ကူပါတယ်။ ခေါင်းရှုပ်စရာလည်း မရှိတော့ဘူး။ အဆင်ပြေ ပါတယ်။ ငွေရှိသူများ ကိုယ်ပိုင် ဆာဗာ၊ Hosting နဲ့ လုပ်ပြီဆိုတော့ သုံးမယ့် Language လည်းရွေးပြီလေ။ အဓိကရည်ရွယ်ချက်က Front end မှာလှနေဖို့နဲ့ Backend က Operator/ User များအတွက် သုံးဖို့ လွယ်ကူအဆင်ပြေဖို့ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာ အများစုက Joomla, PHP, .Net, C++ အစရှိသဖြင့် အသုံးပြုကြပါတယ်။ Language က PHP ဖြစ်ပေမယ့် Web application  ကတော့ Joomla ဖြစ်ချင်ဖြစ်မယ်။ Word Press ဖြစ်ချင်ဖြစ်မယ်။ ရောချင်ရောထားမယ်။ အစရှိ သဖြင့်ပေါ့။ နောက်မှာ သတင်းတင်ပေး၊ ရေးပေးမယ့်သူက Web application များနဲ့သာ ထိတွေ့ရပြီ ဒါကို သုံးဖို့လွယ်ကူအောင် အဆင်ပြေအောင် Web Developer များက support လုပ်ပေး မှာ ဖြစ်ပါတယ်။ Language ရွေးရတဲ့ အကြောင်းက UI ကြောင့်ပါ။ ဥပမာ Joomla က Word Press နဲ့စာရင် သုံးရတာ နည်းနည်းပိုရှုပ်တယ်။ ဘာလို့လဲဆို သူက ပိုပြီး Feature စုံလို့ပါ။ Content ခွဲတာက အစ သူက ပိုစုံလင်ပါတယ်။
Web Design ရွေးမယ်
အဓိကကတော့ Template ပေါ့။ မြင်ရုံနဲ့ စွဲဆောင်နေမယ့် Template အမျိုးအစားပေါ့။ သတင်းမီဒီယာ တွေ သုံးတဲ့ template က သူ့လိုင်းနဲ့ သူရှိပါတယ်။  အရောင်လည်း ရွေးရအုံးမယ်။ CNN ဆိုရင် အနီရောင် ပြေးမြင်မိပါတယ်။ New York Time ဆိုရင် အဖြူရောင် ကို မြင်ပါတယ်။ ဒီလိုပေါ့ မီဒီယာ တစ်ခုတိုင်း မှာ တွေးကြည့် လိုက်တာနဲ့ မြင်နေရမယ့် အရောင်က ရှိကိုရှိရပါမယ်။ ဒါကလည်း အရေးကြီးပါတယ်။ စတိုင်တွေ၊ ပုံစံတွေသာ ပြောင်းသွားမယ် အမည်နဲ့ အရောင်က က တစ်သီးတစ်သန့် ရှိနေရမှာ ဖြစ်ပါတယ်။ Web Design ကိုယ်တိုင် သီးသန့်ဆွဲပြီး သုံးတာမျိုး မြန်မာပြည်မှာ နည်းပါတယ်။ အများစုက အလကားရတဲ့ Template ကို ယူသုံးပြီး လိုသလို Edit လုပ်ကြတာပါ။ သို့ပေမယ့် အချို့ လည်း အပင်ပန်းခံပြီး ကိုယ်ပိုင် ပုံစံဖြစ်အောင် ဖန်တီးပါတယ်။ ဒါကလည်း ပုံသေ ဖြစ်မနေရပါဘူး။ ၆ လဆိုလည်း ၆ လ၊ တစ်နှစ်ဆိုလည်း တစ်နှစ် အချိန်နဲ့ ခေတ် အလိုက် ပြောင်းလဲမှု ရှိနေရ ပါမယ်။
ဘာသာစကား/ Font ရွေးမယ်
မြန်မာအတွက်ရည်ရွယ်တော့ မြန်မာစာပေါ့။ မြန်မာစာမှာတောင် ဘယ် Font သုံးမလဲဆိုတာ စဉ်းစားစရာ ဖြစ်သွားပါပြီ။ အကြမ်းဖျဉ်းကတော့ ယူနီကုဒ် နဲ့ ဇော်ဂျီပေါ့။ ယူနီကုဒ် မိသားစု ထဲက Font တွေကိုလည်း သုံးသလို၊ ဇော်ဂျီ ကိုလည်း သုံးကြပါတယ်။ အများစု အသုံးပြု နေကြတာကတော့ ဇော်ဂျီပါ။ သို့ပေမယ့် ယူနီကုဒ်ကိုလည်း သုံးနေကြပါပြီ။ ကမ္ဘာက အသိ အမှတ်ပြုတာက ယူနီကုဒ်ပါတဲ့။ ဒီတော့ ယူနီကုဒ်လုပ်ပြီး တင်တော့ Windows 7 အထိ အသုံးပြုလျက် ရှိဆဲလူက ယူနီကုဒ်သာ မသွင်းရင် သူဖတ်လို့ရစရာ အကြောင်း မရှိပါဘူး။ ဒါကြောင့် ယနေ့အထိ ဒီအတွက် ရွေး စရာ ဖြစ်နေ ဆဲ ဖြစ်ပါတယ်။ အချို့ ကတော့ ခေါင်းအစား မခံတော့ပါဘူး။ နည်းပညာ အသုံးပြုလို့ font တွေကို Embeded လုပ်လိုက် ပါတယ်။ ကွန်ပြူတာထဲမှာ font ရှိရှိ မရှိရှိ ဖတ်လို့ ရအောင် လုပ်တာ ဖြစ်ပြီး အားနည်း ချက်ကတော့ Loading time ကြာမြင့်ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လို အင်တာနက် လိုင်းနှေးတဲ့နေရာမှာ ယင်းက အခက်အခဲ တစ်ခု ဖြစ်ပါ တယ်။ နောက်တစ် နည်း ဖြေရှင်းမှု ကတော့ Font နှစ်မျိုးစလုံး အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါက ပိုတောင် အဆင်ပြေ ပါတယ်။ ကိုယ်ကြိုက်ရာ font ကိုလိုသလို user ကရွေးချယ်ပြီး ဖတ်ရုံပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း Web developer များက တာဝန်ယူပေးရမှာပါ။ 
Update တင်မယ်
ဝဘ်ဆိုဒ်တစ်ခု အရေးအကြီးဆုံး အချက်က Update ပါပဲ။ မြန်မာပြည်မှာ အွန်လိုင်းမီဒီယာ တစ်ခုပြီး တစ်ခု ပေါ်လိုက် ပျောက်လိုက်ဖြစ်ရတဲ့ အကြောင်းအရင်းက Update ဆက်တိုက် မတင်နိုင်မှုပါ။ ကောက်ရိုးမီးလိုပဲ ယနေ့ ပေါ်ပြီး နောက်လလောက်ဝင်ကြည့်လိုက်ရင် ဒီတိုင်း သေနေတဲ့ ဝဘ်ဆိုဒ်တွေ အများကြီးပါ။ ဒီတော့ User Traffic လည်းမတက်၊ မီဒီယာ ကလည်း ဒီတိုင်း ဆက်ပြီးတော့ သေနေပါတယ်။ ဒါကြောင့် Update တင်ပေးမှုကလည်း အရေးကြီး ပါတယ်။ Update မှာ သတင်းဖြစ် ချင်ဖြစ်မယ်။ ဓာတ်ပုံဖြစ် ချင်ဖြစ်မယ်။ ဗီဒီယိုလည်း ဖြစ်ချင်ဖြစ်မယ်။ အစရှိသဖြင့် အမျိုးမျိုး ကွဲနိုင်ပါတယ်။
စီးပွားရှာမယ်
ဒီတစ်ချက် မလုပ်နိုင်တာကြောင့်ပဲ မြန်မာပြည်မှာ Blog တွေ၊ ဆိုဒ်တွေ တော်တော်များများ ကောက်ရိုးမီးလို ခဏပဲ တောက်ခဲ့ကြ တာ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရှာဖို့က စဉ်းစားရ တော့မယ်။ လက်ရှိ အနေအထားရ ခက်ခဲနေပါသေးတယ်။ သို့ပေမယ့် ဖြစ်အောင်တော့ လုပ်ရမှာ ကိုယ့်တာဝန် ဖြစ်ပါတယ်။ Banner ရှာမယ်။ Banner ကြော်ငြာလေးတွေ လေးထောင့် တစ်ကွက် ဘယ်လောက်နဲ့ ရောင်းတာမျိုးပါ။ မြန်မာပြည်မှာ သောင်းဂဏန်းပဲ ပေါက်ဈေးရှိပါတယ်။ Blog တွေဖန်တီးသူများကတော့ Banner ကိုယ်တိုင် မရှာတော့ ဘူး။ ပြည်တွင်းက Advertising Agent တွေက တစ်ဆင့်သွားပြီး ကြော်ငြာ တာမျိုးပေါ့။ ရတဲ့ငွေ ကတော့ နည်းနေပါတယ်။ Google Ads က မြန်မာပြည် မှာ မရသေးပါဘူး။ User Traffic Datagram ကိုကြည့်ပြီး ကြော်ငြာခ တစ်ဖြည်းဖြည်း ဆပွား တတ်တဲ့ ဝန်ဆောင်မှုပေါ့။ ဒါကြောင့် နိုင်ငံတကာမှာ ဝဘ်ဆိုဒ်တွေ၊ ဘလောဂ်တွေ အသက် ဆက်နေနိုင်တာ ဖြစ်ပါတယ်။ မြန်မာပြည်က Ban ထားတဲ့အထဲမှာ ပါနေဆဲ ဖြစ်တဲ့အတွက် Google Ads က အကောင့်တောင် ဖွင့်လို့မရပါဘူး။ အခြားသော Ads Server ပေးတဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ သို့ပေမယ့် နောက်တော့ ရလာ မှာပါ။ လက်ရှိ ကတော့ ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ စီးပွားရှာထားပြီး Global Ads Agent တွေကို စောင့်မျှော် နိုင်ပါတယ်။
အနှစ်ချုပ်
အမှန်တော့ မီဒီယာဝဘ်ဆိုဒ် တစ်ခုလုပ်ဖို့ အတွက် ပြောစရာ အချက်တွေက အများကြီးပါ။ Privacy Policy, Copy right, Security, Online Marketing, Logo, Title, Slogan, Traffic တက်ရန် ကြိုးပမ်းခြင်း၊ Site တွင် forum ကဲ့သို့ တွဲဆက်၍ Community ဖွင့်ပေးခြင်း၊ Meida နှင့်တွဲဆက် အခြား E business ပေါင်းစပ်လာခြင်း၊ User Log in အကောင့် အခမဲ့မှ ဝင်ကြေး သတ်မှတ်ခြင်း၊ Facebook ကဲ့သို့ social network များဖြင့် တွဲဆက်ခြင်း အစရှိသဖြင့် ပြောမကုန်အောင် များပြားတဲ့ ခေါင်းစဉ်တွေ ရှိပါတယ်။ သို့ပေမယ့် အထက်ပါအချက်များကို သိပြီဆိုရင်တော့ စလို့ရပါပြီ။ နောက်တော့မှ လုပ်ရင်းနဲ့ လေ့လာသွားလို့အဆင်ပြေပါတယ်။ တစ်ယောက်တည်း လုပ်နိုင်လည်းလုပ်ပါ။ အဖွဲ့လိုက်လိုက်ဖို့ ငွေအရင်း အနှီးရှိတယ်ဆိုလည်း လုပ်ပါ။ အဓိက ကတော့ ကိုယ့်ခံယူချက်နဲ့ပဲ ဆိုင်တာပါ။ အွန်လိုင်း မီဒီယာ ဆိုဒ်တစ်ခု ထောင်ဖို့ အတွက် အခက်အခဲ ဖြစ်နေတယ်။ သို့မဟုတ် အကြံဥာဏ် လိုချင်တယ် ဆိုရင် Techspace Journal Facebook Page သို့မဟုတ်aungkhamkyaw@gmail.com ကို ဆက်သွယ်လို့ မေးမြန်းနိုင်ပါတယ်။ တိုင်းပြည်အတွက် လိုအပ်နေတဲ့ ကဏ္ဍမျိုး ကိုယ်ကျိုး မဖက်ပဲ တတ်နိုင်သလောက် ကူညီ အကြံပေးပါ့မယ်။ အွန်လိုင်း မီဒီယာ ကောင်းများ ဖန်တီး နိုင်ကြပါစေ။
အောင်ခမ်း (TSJ team)
Techspace Journal

                                         မြ၀တီ သတင်း မှ ကူးယူဖေါ်ပြသည်...........
မီဒီယာ ဝဘ်ဆိုဒ်တစ်ခု ထောင်မယ်ဆိုရင် မီဒီယာ ဝဘ်ဆိုဒ်တစ်ခု ထောင်မယ်ဆိုရင် Reviewed by Anthony KaKap on 03:48 Rating: 5

မိုဘိုင်းဖုန်းဖြင့် Website Application ရေးသားနည်း



မိုဘိုင်းဖုန်းအသုံးပြုသူတွေတွက် ဖုန်းနဲ Website တွေကို Application ပြုလုပ်ချင်တဲ့သူတွေတွက် Webstit apk ရေးသားနည်း တင်ဆက်ပေးလိုက်ပါတယ်။ သင့် Web ဘဲဖြင့်ဖြင့် သင့်အမြဲလေ့လာလေ့ရှိတဲ့ Website တွေကို ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။
စရအောင်ဗျာ

Apk လုပ်ဖို့တွက် http://web2apk.com/create.aspx ကိုအရင်ဝင်ပါ။
1 URL မှာ လုပ်မည့် Web linkထည့်ပါ။

2 App Tite မှာ လုပ်မည့် Apk Name ထည့်ပါ။

3 Lcon မှာ Apk တွက် Logo photo ထည့်ပါ Photo က PNG ဖြစ်ရပါမယ်။

 7 ScreenOrientation မှာ Screen အကျင်းအကျယ်ရွေးချယ်ပါ။

4 WelcomeScreen မှာ Apk ကိုဝင်တာနဲ နှတ်ဆက်စကားရေးပါ ဥပမာ (မင်္ဂလာပါ) ပေါ့။

5 NetworkErrorScreen မှာ အင်တာနတ်မရှိဘဲ Apk ထဲဝင်ရင် အင်တာနတ်မရှိကြောင်း စာသားရေးပေးပါ ဥပမာ (လူကြီးမင်းဖုန်းမှာ Internet Connection မကောင်းပါ ရှင် /ခဗျာ) ။

6 EXitScreen မှာတော့ Apk ကထွက်မည်ဆိုတဲ့ ကြောင်းကိုစာသားရေးပေးပါ ဥပမာ ( အပြင်ထွက်မည်ဆိုပါက Ok နှိပ်ပေးပါ) ဒီလိုမျိုးပေါ့။

7 Off-siteLinks မှာတော့ဘာမှ မရေးလည်းရပါတယ်။

လုပ်ဆောင်ရမည့်အချက်တွေ 7 ချက်ပါ ပြီးရင်တော့ အောက်ဆုံးက CREATE MY APP ကိုနှိပ်ပြီး
အခုလုပ်လိုက်တဲ့ သင့် app ကိုဒေါင်းဖို့ အောက်ဆုံးမှာ Downloads link ပေးပါမယ် Downloads link က erro ပြနေရင် အချက်အလက်တွေ မမှန်သေးလို့ပါ အချက် (၇)ချက်ကိုမှန်အောင်လုပ်ပါ အဲ့ link က apk ကိုဒေါင်းပြီးရင် သင့်ကိုယ်ပိုင် Website Application တစ်ခုရရှိပြီဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

မူရင်းဆော့လ်ဝဲလမ်းညွန်သို့>>Credit
မိုဘိုင်းဖုန်းဖြင့် Website Application ရေးသားနည်း မိုဘိုင်းဖုန်းဖြင့် Website Application ရေးသားနည်း Reviewed by Anthony KaKap on 22:56 Rating: 5

Android ဖုန်းထဲတွင်​ Android App ဖန်​တီးခြင်း

Android ဖုန်းထဲတွင်​ Android App ဖန်​တီးခြင်း
Credit ​ဇေယျာလင်း
ကိုယ်ပိုင် ​​Android App တခုဖန်​တီးဖို့ လိုအပ်​ချက်​​တွေ အများကြီး ရှိပါတယ်​။ အခု​ပြောမှာက ကိုယ်​ပိုင်​ Android Phone,Table ​ပေါ်မှာ apkတခု ဖန်​တီး​ဖို့ လမ်းညွန်​ပြသသွားမှာပါ။ Computer ​ပေါ်မှာ ​ရေးတဲ့ Android Apk ​လောက်​ အဆင့်​မြင့်​​ပေ​မယ့်​ လက်​​တွေ့ Android Phone ​ပေါ်မှာ သုံး​နေတဲ့ Apk အ​သေးစား​လောက်​​တော့ ​ဖန်​တီးလို့ရပါတယ်​။
လိုအပ်​တာ​တွေက
1.Android Phone(or)Table
2.AIDE Apk
3.App UI Graphic Apk
4.AIDE Premium Key Apk
တို့ဖြစ်​ပါသည်​။
   
1.Android Phone(or)Table
           Apk တခု​ဖန်​တီးဖို့ Android Phone(or)Table ကို အသုံးပြုရပါမည်​။
2.AIDE Apk
          Android Apk တခုဖန်​တီးဖို့ AIDE Apk ကို အသုံးပြု၍ ​ရေးသားသွားမှာပါ။
3.App UI Graphic Apk
            AIDE တွင်​ ​ရေးထားတဲ့ apkကို design ပြုလုပ်​ဖို့ အသုံးပြုပါမည်​။
4.AIDE Premium Apk
          AIDE တွင်​ apk တခု​ရေးရာတွင်​ AIDE Premium Apk ကို install လုပ်​ထားရန်​ ဖြစ်​ပါသည်​။
လိုအပ်​​သော Apk ကို ​မူရင်း siteတွင် ​​​ ​ဒေါင်းလုပ်​ဆွဲရန်​ ​အောက်​ကလင့်​က​နေ ဝင်​ပါ။
Myanmar Android Development Tutorials : Android ဖုန်းထဲတွင်​ Android App တခုဖန်​တီးခြင်း
http://www.myanmarandroiddev.blogspot.in/2015/01/android-android-app.html?m=1
.
ဆက်​လက်​ပြီး app ဖန်တီးရာတွင် အသုံးပြုမည့် app များကို အသုံးပြုနည်းနှင့် appများ အမျိုးမျိုး ဖန်တီးပြုလုပ်ပုံများကို
မူရင်းblog အတိုင်း ဝင်ရောက်လေ့လာ နိုင်အောင် ဆက်လက်ညွှန်ပြထားပါတယ်။
AIDE APK အသုံးပြုနည်း
http://www.myanmarandroiddev.blogspot.in/2015/01/aide-apk.html?m=1
Android App ထဲတွင်​ရှိ​သော folder ​တွေရဲ့ လုပ်​​ဆောင်​ချက်​များ
http://www.myanmarandroiddev.blogspot.in/2015/01/android-app-folder.html?m=1
. Myanmar Android Development Tutorials : EditText Apk
http://www.myanmarandroiddev.blogspot.in/2015/01/edittext-apk.html?m=1
. Myanmar Android Development Tutorials : Website/Blog Url Apk
http://www.myanmarandroiddev.blogspot.in/2015/01/websiteblog-url-apk.html?m=1
. Myanmar Android Development Tutorials : Website/Blog Url Apk(Button Click)
http://www.myanmarandroiddev.blogspot.in/2015/01/websiteblog-url-apkbutton-click.html?m=1
. Myanmar Android Development Tutorials : Website View Apk
http://www.myanmarandroiddev.blogspot.in/2015/01/website-view-apk.html?m=1
. Myanmar Android Development Tutorials : Calling Apk
http://www.myanmarandroiddev.blogspot.in/2015/01/calling-apk.html?m=1
. Myanmar Android Development Tutorials : Dial Call Apk
http://www.myanmarandroiddev.blogspot.in/2015/01/dial-call-apk.html?m=1
Myanmar Android Development Tutorials : Flashlight Apk (ဓာတ်​မီး)
http://www.myanmarandroiddev.blogspot.in/2015/01/flashlight-apk.html?m=1
. Myanmar Android Development Tutorials : Balance Check Apk
http://www.myanmarandroiddev.blogspot.in/2015/01/balance-check-apk.html?m=1
. Myanmar Android Development Tutorials : Balance Check Apk(Button Click)
http://www.myanmarandroiddev.blogspot.in/2015/01/balance-check-apkbutton-click.html?m=1
. Myanmar Android Development Tutorials : Toast Apk
http://www.myanmarandroiddev.blogspot.in/2015/01/toast-apk.html?m=1
. Myanmar Android Development Tutorials : Web Search Apk
http://www.myanmarandroiddev.blogspot.in/2015/01/web-search-apk.html?m=1
. Myanmar Android Development Tutorials : Android From Fitst Screen To Second Screen Activity
http://www.myanmarandroiddev.blogspot.in/2015/01/android-from-fitst-screen-to-second.html?m=1
. Myanmar Android Development Tutorials : Text Left To Right Moving Apkhttp://www.myanmarandroiddev.blogspot.in/2015/05/text-left-to-right-moving-apk.html?m=1
.အဆင်ပြေကြပါစေ။
Android ဖုန်းထဲတွင်​ Android App ဖန်​တီးခြင်း Android ဖုန်းထဲတွင်​ Android App ဖန်​တီးခြင်း Reviewed by Anthony KaKap on 01:16 Rating: 5

utorrent ​က ​ရုပ်​ရှင်​မှန်​သ​မျှ​ကို Download ​မ​လုပ်​ဘဲ ​ကြည့်​ချင်​လား


utorrent ​က ​ရုပ်​ရှင်​တွေ​ကို Download ​လုပ်​တဲ့​အ​ခါ ​ကျ​နော်​တို့ ​အ​မြဲ ​ကြုံ​တွေ့​ရ​တဲ့ ​အ​ခက်​အ​ခဲ ​တစ်​ခု​ရှိ​ပါ​တယ်။ ​အဲ့​ဒါ​ဘာ​လဲ​ဆို​ရင် ​စာ​တန်း​ထိုး​တဲ့ ​ဖိုင်​နဲ့ ​တွဲ​ကြည့်​ဖို့ Download ​လုပ်​တဲ့​အ​ခါ​မှာ ​ခက်​ခက်​ခဲ​ခဲ​လည်း Download ​လုပ်​ပြီး​ရော ​ဖွင့်​ကြည့်​တဲ့​အ​ခါ​မှာ ​အ​င်္ဂ​လိပ်​စာ​တန်း​တွဲ​ပြီး ​ထိုး​ပြီး​သား ​ဖိုင်​ဖြစ်​နေ​တာ​မျိုး ​ဒါ​မှ​မ​ဟုတ် ​ကြည်​လင်​ပြတ်​သား​မှု​မ​ရှိ​တဲ့ ​ရုပ်​ရှင်​ကား ​ဖြစ်​နေ​တာ​မျိုး​ကို ​အ​မြဲ​လို​လို ​တွေ့​ကြုံ​ရ​မှာ​ပါ။ Download ​လုပ်​ထား​တာ ​အ​ချိန်​ကုန်​တာ​မျိုး ​ဖြစ်​သွား​တတ်​ပါ​တယ်။ ​အဲ့​လို ​မ​ဖြစ်​ရ​အောင်  ​ကျ​နော်​တို့​အ​နေ​နဲ့ Download ​မ​လုပ်​ခင်​မှာ ​တစ်​ခါ​တည်း ​ကြည်​ရဲ့​လား၊ ​စာ​တန်း​ထိုး​ပြီး​သား ​ရုပ်​ရှင်​ဖြစ်​နေ​မ​လား ​ဆို​တာ​ကို ​ကြို​ပြီး ​ကြည့်​လို့​ရ​မယ်​ဆို​ရင် ​အ​ချိန်​တွေ ​မ​ကုန်​တော့​ဘူး​ပေါ့။ ​အဲ့​ဒါ​ဆို ​ဘယ်​လို​လုပ်​မ​လဲ။

၁။  www.kickass.so, www.yify-torrent.org ​လို​မျိုး  torrent ​ဆိုက်​တွေ​ကို ​သွား​လိုက်​ပါ ​ပြီး​ရင် ​ကို​လို​ချင်​တဲ့ ​ရုပ်​ရှင်​နာ​မည်​ကို ​ရွေး​ပါ ​ပြီး​ရင် Download ​လုပ်​လိုက်​ပါ။  (​ပုံ၁)

ပုံ(၁)


၂။  torrent ​ဖိုင်​ရ​လာ​ပါ​လိမ့်​မယ်။ (​ပုံ ၂)

(​ပုံ ၂ )


၃။ ​ညာ​ဖက်​က Download ​လုပ်​ထား​တဲ့ ​နေ​ရာ​ကို ​တစ်​ချက်​နှိပ်​လိုက်​ပါ။ ​ပြီး​ရင် right click ​ထောက်​ပြီး​တော့ Copy Download Link ​ကို ​နှိပ်​လိုက်​ပါ။ (​ပုံ ၃)

(​ပုံ ၃)

၎။ ​အောက်​မှာ ​တင်​ပေး​ထား​တဲ့ Ace Player ​ကို Download ​လုပ်​လိုက်​ပါ။ ​ပြီး​ရင်​တော့ Player ​ကို ​ဖွင့်​လိုက်​ပါ(​ပုံ  ၄)

(​ပုံ ၄)
၅။ Media ​ကို ​ရွေး​ပြီး Open Network Stream ​ကို ​နှိပ်​လိုက်​ပါ။ (​ပုံ ၅) (​ပုံ ၆)

(​ပုံ ၅)

(​ပုံ ၆)

၆။ Network ​ထဲ​က Please enter network URL ​ကို ​နှိပ်​လိုက်​ပြီး ​ခု​န​က ​ကူး​လာ​တဲ့ ​လိပ်​စာ​ကို Paste ​လုပ်​လိုက်​ပါ။

(​ပုံ ၇)

၇။ ​ပြီး​ရင်​တော့ Play ​ကို ​နှိပ်​လိုက်​ပါ။ ​ဒါ​ဆို​ရင်​တော့ ​ကျ​နော်​တို့​အ​နေ​နဲ့ ​ရုပ်​ရှင်​ပွင့်​လာ​တာ​ကို ​တွေ့​မြင်​ရ​ပါ​လိမ့်​မယ်။ ​အဲ့​အ​ချိန်​ကျ​မှ ​ကို့​မှာ ​စာ​တန်း​ထိုး​ဖိုင်​ရှိ​တယ်​ဆို​ရင်​တော့ ​စာ​ဖိုင်​ကို ​အ​ဆို​ပါ Player ​ထဲ​ကို ​ဆွဲ​ချ​လိုက်​ပါ။


(​ပုံ ၈)

(​ပုံ ၉)


၈။ ​ကဲ​ဒါ​ဆို​ရင်​တော့ ​ကျ​နော်​တို့ ​ကြည့်​လို့​ရ​ပြီ။ ​မိ​မိ​စိတ်​ကြိုက်​ကား​များ​ကို ​ကြည့်​ရှု​နိုင်​ပါ​ပြီ။ ​အ​ဆင်​ပြေ​ကြ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။

(​ပုံ ၁၀)






utorrent ​က ​ရုပ်​ရှင်​မှန်​သ​မျှ​ကို Download ​မ​လုပ်​ဘဲ ​ကြည့်​ချင်​လား utorrent ​က ​ရုပ်​ရှင်​မှန်​သ​မျှ​ကို Download ​မ​လုပ်​ဘဲ ​ကြည့်​ချင်​လား Reviewed by Anthony KaKap on 05:43 Rating: 5

Samsung Android များ၏ သင်မသိသေးသော အချက်များ .



Samsung Android များ၏ သင်မသိသေးသော အချက်များ
.


Code 1: *#06# (Reveals IMEI Number)
..
ထို Code သည် IMEI Number ကိုဖော်ပြပေးမည် ဖြစ်သည်။ IMEI Number သည် အတူမရှိသော စက်ရုံထုတ်နံပါတ် ဖြစ်သည်။ ထိုနံပါတ်ဖြင့် ပျောက်ဆုံးသွားသော ဖုန်းများ ကိုရှာဖွေခြင်း ဖုန်းများကို Lock / Unlocked လုပ်နိုင်ခြင်း နှင့် အခြားသော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါတယ်။


Code 2 : #31# (Disables Outgoing Caller ID)
.
Code #31# သည် အထွက် Call Phone Number ကို ဖျောက်ပေးမည် ဖြစ်သည်။ အထူးသဖြင့် Hacker ကြီးများအသုံးများပါသည်။ အဘယ်ကြောင့်ဆိုသော Caller ID ကို ဖျောက်လိုက်သည့်အတွက် တဖက်မှ မည်သည့်နိုင်ငံ မည်သည့်နေရမှ ခေါ်ဆိုသည်ကို မသိရှိနိုင်တော့ပေ။ အသုံးပြုပုံမှာ ရှေ့ဆုံးမှာ ကုတ်ကို ခံပြီး ဖုန်းနံပါတ်ဆက်တိုက်ရိုက်နှိပ် ခေါ်ဆိုရတာ ဖြစ်ပါတယ်။ #31#0979xxxxxxxCall Button


Code 3 : *#21# (Checks Call Forwarding Setting)
.
Code *#21# ကို နှိပ်ပြီး ဖုန်းခေါ်ဆိုသည့် ခလုတ်ကို နှိပ်လိုက်ပါက Call Forwarding Setting ကို ဖော်ပြပေးမည် ဖြစ်သည်။


Code 4 : *#30# (Checks Incoming Caller ID Settings)
.
Code *#30# ကို နှိပ်ပြီး ဖုန်းခေါ်ဆိုသည့် ခလုတ်ကို နှိပ်လိုက်ပါက အ၀င်ဖုန်းများ၏ Caller ID Settings ကို ဖော်ပြနေမည် ဖြစ်သည်။
.


Code 5 : *#31# (Checks Outgoing Caller ID Setting)
.
Code *#31# ကို နှိပ်ပြီး ဖုန်းခေါ်ဆိုသည့် ခလုတ်ကို နှိပ်လိုက်ပါက အထွက် ဖုန်းခေါ်ဆိုမှူ့အတွက် Caller ID Setting ကို ဖော်ပြပေးမည် ဖြစ်သည်။


Code 6 : *#0*# (Open A Service Menu)
.
Code *#0*# ကို နှိပ်လိုက်သောအခါ Phone ကို စစ်ဆေးပေးနိုင်မည့် Service Menu ကျလာမည် ဖြစ်သည်။ စစ်ဆေးချင်သည့် Service ကို စစ်ဆေးပြီးပါက Back Key ကို နှစ်ကြိမ်နှိပ်ပြီး ပြန်ထွက်နိုင်ပါတယ်။


Code 7 : *#7353# (Open A Service Menu List)
.
Code *#7353# သည်လည်း Service Menu ကို ဖော်ပြပေးသည့် Code ဖြစ်သည် သို့သော် Service Menu ကို List ပုံစံဖြင့် ဖော်ပြပေးမည် ဖြစ်သည်။
.


Code 8 : *#0782# (Show The Time)
.
Code *#0782# သည် အချိန်ကို ဖော်ပြပေးမသည့် Code ဖြစ်သည်။



Code 9 : *#3282*727336*# (Overview Menu)
Code *#3282*727336*# သည် Call Logs , Phone Internal Space , SD card Space , Number of Contacts Messages စသည့် အချက်အလက်များကို ဖော်ပြပေးမည် ဖြစ်သည်။
.


.
Code 10 : *#*#8255#*#* (Monitors Google Talk)
.
Google App ၏ အချက်အလက်များကို ဖော်ပြပေးနိုင်မည့် Code ဖြစ်သည်။


Code 11 : *#7465625# (Opens The SIM Lock Menu)
.
Code *#7465625# ကို နှိပ်လိုက်သောအခါ ဖုန်းသည် Lock ဖြစ်နေသည် မဖြစ်နေသည် စသည့်အချက်အလက်များကို ဖော်ပြပေးမည် ဖြစ်သည်။ Menu တွင် အကုန်လုံးသည် OFF ဖြစ်နေပါက Unlocked Phone ဖြစ်ပြီး ON ဖြစ်နေပါက Locked Phone ဖြစ်သည်။
.


Code 12 : *#0589# (Tests The Light Sensor)
Code ကို ရိုက်ထည့်လိုက်သောအခါ ဖုန်း၏ Light Sensor ကို စစ်ဆေးပေးမည် ဖြစ်ပြီး Light Sensor သည် ကောင်းစွာ အလုပ်လုပ်ပါက Level 1 ဟုပြန်လည် ဖော်ပြပေးမည် ဖြစ်သည်။ (Level 1 နေရာတွင် အခြားတစ်ခုခုလည်း ဖော်ပြနိုင်ပါတယ်)
.


Code 13 : *#*#7594#*#* (Power Off Your Phone Without Confirmation)
.
*#*#7594#*#* ဒီကုတ်ကတော့ Power Button ကို ကြာမြှင့်စွာ နှိပ်ပြီး မပိတ်ချင်သူများအတွက် အဆိုပါကုတ်ကို ရိုက်ထည့်လိုက်တာနှင့် အတည်ပြုချက် မတောင်းခံဘဲ ချက်ချင်း ဖုန်း ကို Poswr Off လုပ်သွားမည် ဖြစ်သည်။


Code 14 : *2767*3855# (Instanly Wipes Out The Device Without Prompt)
.
*2767*3855# ဒီကုတ်ကို အသုံးပြုမယ်ဆိုရင် အနည်းငယ် အန္တရာယ်ရှိပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကုတ်ကို ရိုက်ထည့်လိုက်တာနှင့် စက်ရုံမှ စထုတ်သကဲ့သို့ Format ကျသွားမှာ ဖြစ်ပါတယ်။ Format ကျဖို့အတွက် သင့်ကို တစုံတရာ မေးမြန်းမှာ မဟုတ်ပါဘူး ကုတ်ရိုက်ထည့်လိုက်တာနှင့် မည်သည့် ခွင့်ပြုချက်မှ တောင်းနေမှာမဟုတ်ဘဲ စက်ရုံမှ စထုတ်သကဲ့သို့ Phone ကို Format ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
.
.
အထက်တွင် ဖော်ပြခဲ့သာ Code များကို အသုံးပြုပြီး စာချစ်သူများအနေဖြင့် မိမိတို့၏ ဖုန်းများကို အလွယ်တကူ စစ်ဆေးကြည့်ရူ့နိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျာ။
.
Credit >> original uploader

တွေ့ရှိသမျှနည်းပညာများ ပြန်​လည်​မျှ​ဝေသည်



Samsung Android များ၏ သင်မသိသေးသော အချက်များ . Samsung Android များ၏ သင်မသိသေးသော အချက်များ . Reviewed by Anthony KaKap on 22:12 Rating: 5
ads 728x90 B
Theme images by Radius Images. Powered by Blogger.