Results for မြန်မာစာတန်းထိုးဇတ်ကားများ

Bloody Destiny (2015) မြန်မာစာတန်းထိုး

လူသိနည်းပြီးကြည့်ကောင်းတဲ့အမျိုးအစားထဲမှာပါတဲ့
Bloody Destiny 2015 ဇာတ်လမ်းအကျဉ်းမှာဆိုရင်--
ငယ်ငယ်ထဲက တိုက်ခိုက်ဖို့အတွက် မှောင်ခိုကုန်ကူးခံရတဲ့
ကလေး ကိုယွမ်ဟာ  သူ့နံမည်ကို နံပါတ် ၂၀လို့ကုတ်နံပါတ်
ပေးခံရပါတယ်

သူတို့ကိုခေါ်လာတဲ့လမ်းခုလတ်မှာပဲ သမီးကို အခကြေးငွေနဲ့
ရောင်းစားတဲ့မိသားစုတခုရှိနေပြန်တယ် ကလေးမလေးကို
ပြည့်တန်ဆာအိမ်အပို့ခံရပြီး ကိုယွမ်နဲ့ပထမဆုံးစသိခဲ့ရတဲ့အခါ.....

တွေ့ချိန်မကြာပေမယ့် မိဘမဲ့ဖြစ်သွားတဲ့ ရှားရှားဆိုတဲ့ကောင်မလေး
စိတ်ထဲမှာ ကိုယွင်ကို အားကိုးတကြီးမျှော်လင့်ခဲ့တယ် .....
သူတို့ပြန်တွေ့နိုင်ကြပါမလား
အသတ်အပုတ်သာကျွမ်းကျင်တဲ့ ကိုယွင်ဟာ တရားမ၀င်လက်ဝှေ့ပွဲတွေမှာ
သူ့သူဌေးအတွက် ငွေရှာပေးရင်း....လက်ရှိဘ၀ကလွတ်အောင်ဘယ်လိုများ
ကြံစည်မလဲ.....

action movie အမျိုးအစားထဲပါတဲ့ဒီဇာတ်လမ်းဟာ ဘယ်လိုအဆုံးသတ်သွားမလဲ....
အင်ဒိုဘာသာစာဖိုင်ကနေ တဆင့်ပြန်ရတဲ့အတွက်အမှားအယွင်းပါရင်သည်းခံပါလို့
ပြောရင်း.....

File Size         : 700 MB
Quality           : DVD Rip
Running Time : 1hr 37 minute
Format           : Mp4
Genre             : Action

Encoder         : Aung Aung Oo
Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူတော့ ကို မြန်မာကြီးပဲ ဖြစ်ပါတယ်)
Bloody Destiny (2015) မြန်မာစာတန်းထိုး Bloody Destiny (2015) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 03:50 Rating: 5

Noah (2014) မြန်မာစာတန်းထိုး


   Noah (2014) မြန်မာစာတန်းထိုး

ပုံပြင်ဆန်လှသည့် Noah ရဲ့  လွတ်မြောက်ခြင်းလှေကြီးကို
ရုပ်ရှင်အဖြစ်ရိုက်ကူးပုံဖော်ထားတာပါ..
ဒါအပြင် Action | Adventure | Drama အဖြစ်လည်း
ပုံဖော်ထားတာမို့ ဘာသာရေးသိပ်မဆန် တော့
လူကြိုက်လည်း များခဲ့ကြပါတယ်..
ကမ္ဘာကြီးရေလွှမ်းမည့် ကပ်ဘေးကို ကြိုသိခဲ့သူ Noah နဲ့ 
သူ့ ကိုယုံကြည်သူ တွေဟာ ကြီးမားတဲ့ လှေကြီး
တစင်းတည်ဆောက်ပြီး လွတ်မြောက်သွားခဲ့တာပါ..။
(((ရုပ်ရှင်နဲ့တော့ ဆက်နွယ်တယ်ထင်လို့ ဖော်ပြလိုက်ပါတယ်)))
” - ဆာလံကျမ်း ၅း၎ ခရစ်ယာန်သမ္မာကျမ်းစာအရတော့
အဲဒီခေတ်တုန်းက ဘုရားသခင်က လူတွေရဲ့ စဉ်းလဲမှု၊
မသမာမှု၊ မလိုက်နာမှုတွေကြောင့် ဒီအပြစ်သားတွေကို
ဒဏ်ခတ်တဲ့အနေနဲ့ ကမ္ဘာမြေကြီုးပေါ်မှာ ရေလွှမ်းမိုးမှုကြီး
(The Great Deluge) တစ်ခုကို ဖန်ဆင်းခဲ့တယ်ဆိုပါတယ်..။
ဒါပေမယ့် ဒီ" Noah" လို့အမည်ရတဲ့ လူကတော့
မှန်ကန်ဖြောင့်မတ်သူ တစ်ယောက်ဆိုတာကို
ဘုရားသခင်က သိမြင်တော်မူတဲ့ အတွက် ရေလွှမ်းမှုမကြုံခင်
သူ့ကို လှေကြီးတစ်စီး ဆောက်ခိုင်း ပါတယ်။
ဒီလှေကြီးဟာလည်း ယနေ့ထိကျမ်းစာထဲမှာ
Noah's Ark ဆိုပြီးအမည်တွင်ပါတယ်။
" Noah" အပါအ၀င် သူ့မိသားစုနဲ့တကွ
အခြား တိရိစ္ဆာန်အမျိုးအစား တိုင်းရဲ့ အထီးအမ
တစ်စုံစီကို ဒီလှေကြီးပေါ် ဆောင်ယူပြီး ကယ်တင်စေခဲ့ပါတယ်..။
ဒီဇာတ်ကားကို ကြည့်မယ်ဆိုရင်
သာသာအမြင်ဖယ်ပြီး ကြည့်ဖို့တော့ လိုပါတယ်..။
မကြည့်ရသေးရင် ကြည့် ကြည့်ပါ ..။
ဒါပေမယ့် ပုတ်ခတ်တဲ့ အမြင်ပါတဲ့ comment တွေ မပေးကြဖို့
မေတ္တာ ရပ်ခံပါရစေ..ကျနော်က ဗုဒ္ဓဓမ္မကို သက်ဝင်ယုံကြည်တဲ့
ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တယ်ဆိုတာ အသိပေးပါရစေ..
pCloud ကနေဖိုင်ဆိုဒ် အကြီး အသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့



Noah (2014) မြန်မာစာတန်းထိုး Noah (2014) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 04:12 Rating: 5

RoboCop (2014) မြန်မာစာတန်းထိုး

RoboCop (2014) မြန်မာစာတန်းထိုး

တောင်းဆိုထားကြတာကြာပြီဖြစ်တဲ့
ပြီးခဲ့တဲ့ နှစ်တုန်းက နာမည်ကြီး ဇာတ်ကားလေးပါ..
ဇာတ်လမ်းကတော့..
အဲလက်စ် ဟာ ပေါက်ကွဲမှုတခုကြောင့်
ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များ
ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေါက်တာနော်တွန် ရဲ့ကြိုးပမ်းမှုနဲ့
လူတပိုင်းစက်ရုပ်တပိုင်း အဖြစ်အသက်ရှင်နေပါတယ်။
အစိုးရက သူ့ကို စက်ရုပ်ရဲသားအဖြစ် ခန့်အပ်ပြီး
စက္ကန့်ပိုင်း အတွင်းမှာပဲ ၆ နှစ်လောက်
လွတ်မြောက်နေခဲ့တဲ့တရားခံ တယောက်ကို 

သတင်းထောက်တွေရှေ့မှာပဲဖမ်းဆီးနိုင်ခဲ့တယ်..
ဒါတင်မက အဲလက်စ် ဟာသူလုပ်ကြံခံခဲ့ရတာ
တွေကိုပါ ဖော်ထုတ်လာနိုင်ခဲ့တယ်
ဒါပေမယ့် ကိစ္စတော်တော်များများဟာ
သူထင်သလိုမရိုးရှင်းလှသလို
သူကလည်းစက်ရုပ်တရုပ်လိုထိန်းချုပ်ခံဘ၀...
စက်ရုပ်နဲ့ လူနဲ့ တွဲထားပြီး စက်ရုပ်လိုပဲ နောက်ကွယ်ကနေ
လိုသလို ထိမ်းခြုပ်နိုင်အောင်ကြိုးစား ပေမယ့်
လူဦးနှောက်နဲ့ နှလုံးသားက အထိန်းအချုပ်မခံတာမို့ ....
.....................................................................
ပုံမှန်အတိုင်း pCloud ဖိုင်ဆိုဒ်အကြီး အသေး ၂မျိုးနဲ့တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..





RoboCop (2014) မြန်မာစာတန်းထိုး RoboCop (2014) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 20:48 Rating: 5

Independents' Day (2016)မြန်မာစာတန်းထိုး


Independents' Day (2016)မြန်မာစာတန်းထိုး
ဂြိုလ်သားတွေ ကမ္ဘာပေါ်လာရောက်တိုက်ခိုက်သိမ်းပိုက်
လာတဲ့ အချိန်မှာ လူသားတွေရဲ့ မြင့်မားလှပါတယ်ဆိုတဲ့
လက်နက်နည်းပညာတွေဟာ တဖက်ဂြိုလ်သားတွေအတွက်တော့
ကလေးကစားစရာ သာသာလေးပါပဲ...
နောက်ဆုံး အိမ်ဖြူတော်ချေမှုန်းခံရပြီး...
အမေရိကန် သမ္မတ ပါကျဆုံးသွားတဲ့အချိန်မှာ
အမျိုးသမီးတယောက်ဖြစ်တဲ့ ဒုသမ္မတ Raney ဟာ
သမ္မတ တာဝန်ယူခဲ့ရပြီး ဂြိုလ်သားတွေနဲ့
ဘယ်လိုရင်ဆိုင် သွားခဲ့သလဲဆိုတာရှုစားရမှာပါ...။
ဒီနှစ်ထဲမှာ(Independence Day: Resurgence )လည်းထွက်ထားပါတယ်။
ဒီနှစ်ကားမတူပါဘူး (Independence Day: Resurgence )ကိုလည်း
မကြာခင်တင်ဆက်ပေးသွားပါ့မယ်။

ပုံမှန်အတိုင်း pCloud ကနေဖိုင်ဆိုဒ်အကြီးအသေး ၂ မျိုးနဲ့
တင်ပေးထားသလို
ဆိုဒ်ထဲမှာတင် တိုက်ရိုက်ကြည့်ရှုနိုင်အောင်ပါတင်ပေးထားပါတယ်
တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်

vidzi ကနေ တိုက်ရိုက်ကြည့်ချင်ရင်တော့ ဒီလင့်ကနေ
သွားကြည့်နိုင်သလို အောက်မှာလည်းတိုက်ရိုက်ကြည့်နိုင်ပါတယ်




အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://channyeinmw.blogspot.com/



srt by: linnthura1988@gmail.com
Independents' Day (2016)မြန်မာစာတန်းထိုး Independents' Day (2016)မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 03:07 Rating: 5

စာပို့ကြသူများ The Messengers (2007) မြန်မာစာတန်းထိုး


ကနေဒါနိုင်ငံရဲ့ လယ်တောထဲမှာဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ရိုလင်မိသားစု ကြောက်မက်ဖွယ်အဖြစ်ဆိုးကြီး ကြုံတွေ့ရပြီး နောက်ခြောက်နှစ်အကြာမှာ မိသားစုတစ်စုက ထိုလယ်ကိုဝယ်လိုက်ပြီး ပြောင်းရွှေ့လာကြပါတယ်...အဲ့ဒီအချိန်မှာပဲ မကျွတ်လွတ်သေးတဲ့ ပရလောကသားတွေက တစခန်းထလာပါတော့တယ်။ (အကယ်၍သင်ဟာသင့်အိမ်ထဲမှာ တစ္ဆေတစ်ကောင် တွေ့ပြီဆိုပါစို့...သင်ပြောတာကိုဘယ်သူမှမယုံဘူး၊ ဘယ်သူမှလက်မခံဘူးဆိုရင် သင်ဘာဆက်လုပ်မှာလဲ...)

လယ်သမားမိသားစုရဲ့ စီးပွါးရေး၊ မိသားစုဆက်ဆံရေးနဲ့ ပရလောကတွေအပါအ၀င် စိတ္တဇ စသည့်ဖြင့်ဝေဆာအောင် ဇာတ်အိမ်ဖွဲ့ထားပါတယ်။ပိုပြီးကြည့်ချင်စရာကောင်းတာကတော့ Twilight မင်းသမီး Kristen Stewart ပါဝင်အားဖြည့်ထားပါတယ်။


ဇာတ်ကားကို ဒီလင့်ကနေ ဒေါင်းပါ

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)
စာပို့ကြသူများ The Messengers (2007) မြန်မာစာတန်းထိုး စာပို့ကြသူများ The Messengers (2007) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 01:27 Rating: 5

Chocolate (2008) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကနာမည်ကြီးလူကြိုက်များခဲ့တဲ့ Action/Drama အမျိုးအစား ထိုင်းဇာတ်ကားဖြစ်ပါတယ်။
IMDb Rating (7/10) Rotten Tomatoes (73%) ရရှိထားလို့ Asian ဇာတ်ကားတွေထဲ
အတော် Rating မြင့်တဲ့ဇာတ်ကားဖြစ်တာနဲ့အညီ
ထူးခြားတဲ့ တင်ဆက်ပုံ Action တွေနဲ့ ဆွဲဆောင်ထားတာ တွေ့ရမှာပါ။
ဇာတ်လမ်းအညွှန်းမပေးတော့ပါဘူး...ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။
ဇာတ်ကားဟောင်းဖြစ်ပေမယ့် Quality ကောင်းကောင်းရှာပြီး ဖိုင်ဆိုဒ်သေးအောင် Encode ထားလို့ Download ဆွဲရကျိုးနပ်မှာပါ။
(ဒီဇာတ်ကားကို Jhon La Young မှခံစားတင်ဆက်ထားပါတယ်။)

File size...(800MB)  
Quality...Blu-ray Rip 720p

Format...mp4
Duration....01:32:03
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link) 

Download and Watch 360p Small File Size(350MB)

  



နမူနာကြည့်ရန်
Chocolate (2008) မြန်မာစာတန်းထိုး Chocolate (2008) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 02:16 Rating: 5
Kuch Kuch Hota Hai(1998)(မြန်မာစာတန်းထိုး)
===================================


မိတဆိုးသမီးလေးတစ်ယောက် ဖခင်အပေါ်ကိုပဲအားလုံးမှီခိုထားရတယ် မိခင်ဆိုတာ ဓာတ်ပုံအချို့ပဲသမီးအတွက်ကျန်ခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင်ကျောင်းကျပန်းစကားပြောပြိုင်မွဲမှာသမီးလေး ကျတဲ့ခေါင်းစဉ်က "အမေ" တဲ့  ခေါင်းစဉ်လေးကိုကိုင်ရင်း လက်တွေတဆတ်ဆတ်တုန် မျက်လုံးနဲ့ပြောနေတဲ့စကားက အမေအကြောင်းသမီးမသိပါဘူးလို့ အဓိပ္ပါယ်ဖော်နေသယောင်ပုံဖော်နေတယ် ကံကောင်းတာတစ်ခုက ၈နှစ်ပြည့်မွေးနေ့မှာ အမေထားခဲ့တဲ့စာလေးဖတ်လိုက်ရတယ် စာထဲမှာရေးထားတာက " အန်ဂျလီဆိုတာ တကယ်တော့သမီးရဲ့နာမည်အရင်းဖြစ်သလို သမီးအဖေသိပ်ချစ် ရတဲ့ကောင်မလေးရဲ့နာမည်လည်းဖြစ်တယ်တဲ့"စာလေးထဲမှာ အတိတ်ကအကြောင်းတွေအများကြီးရေးထားတယ် ကျောင်းတက်စဉ်ငယ်ဘ၀တုန်းက ကောင်လေးတစ်ယောက်မှာအရမ်းခင်ရတဲ့ ယောက်ျားလေးဆန်ဆန်ကောင်မလေးတစ်ယောက်ရှိတယ် ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနေတဲ့သူတို့ဘ၀လေးထဲကိုကောင်မလေးတစ်ယောက်ညင်ညင်သာသာလေးဝင်လာခဲ့တယ် ဒါပေမဲ့ ထိချက်ကတော့ အတော်ပျင်းတယ် ယောင်္ကျားလေးဆန်ဆန်ကောင်မလေးက နောက်ဆုံးစာမေးပွဲကိုတောင်မဖြေပဲ အပြီးအပိုင်ဇာတ်မြှုတ်ပျောက်ကွယ်သွားတယ် အဲ့ဒီယောက်ျားရှာကောင်မလေးရဲ့နာမည်က " အန်ဂျလီ"တဲ့ ဆုံးသွားတဲ့မိခင်က သမီးကိုသူ့ရဲ့နောက်ဆုံးဆန္ဒဘာတွေရေးခဲ့လဲသမီးလေးကရော အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလား ဖခင်အဖြစ် သရုပ်ဆောင်တဲ့ရှာရွတ်ခန်းကရော ဘယ်လိုရှေ့ဆက်သွားမလဲ....
နောက်ဆုံးမှာ ရှာရွတ်ခန်း ကာဂျိုးနဲ့ ရာနီမူခါဂျီတို့ကအဓိကသရုပ်ဆောင်ထားပြီး
ဆာလ်မန်ခန်းကတော့ ဇာတ်ပို့အနေနဲ့အားဖြည့်ပေးထားပါတယ်
ယခုဇတ်ကားက ကြာတော့ကြာခဲ့ပါပြီ သို့ပေမဲ့ နှစ်ချို့ဝိုင်လိုအစွမ်းထက်နေတုန်းပါပဲ ကဲပရိတ်သတ်ကြီးရေ နှစ်ချို့ဝိုင်လေးသောက်ကြည့်ပါလို့ အကြံပြုရင်း..........
(အညွှန်းရေးသူကတော့ Phyo Pyae ဖြစ်ပြီး ဘာသာပြန်သူကတော့ Moe Zin ပဲဖြစ်ပါတယ်)



http://www.channelmyanmar.com
Reviewed by Anthony KaKap on 00:40 Rating: 5

The Jungle Book (2016) မြန်မာစာတန်းထိုး

The Jungle Book (2016) မြန်မာစာတန်းထိုး

May 5 မှာကျရောက်တဲ့ ကျနော့်ရဲ့ မွေးနေ့အတွက်
ကျနော့်ညီလေးအေးချမ်း က မွေးနေ့လက်ဆောင်အဖြစ်
ပေးတဲ့  Adventure, Drama, Family  အမျိုးအစား
IMDb မှာ Ratings: 7.9 အထိရတဲ့ The Jungle Book (2016)
ကို မြန်မာစာတန်းထိုးပြီး ပေးပို့လိုက်ပါတယ်..။
ဒီဇာတ်လမ်းကတော့ တချိန်က ကျော်ကြားလှတဲ့
တောတွင်းသားလေး တာဇံကို ခေတ်နဲ့အညီဖြည့်စွက်ပြီး
ခေတ်မှီနည်းပညာတွေပေါင်းဆက်လိုက်တဲ့အခါမှာ..
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အကြီးအသေး၂မျိုးနဲ့
တင်ပေးလိုက်ပါတယ်....

တိုက်ရိုက်ကြည့်ရှုရန်နှင့် ဒေါင်းရန်>>>>
>>>>>>>>>>

Download 480p 400 MB 

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
http://channyeinmw.blogspot.com/
The Jungle Book (2016) မြန်မာစာတန်းထိုး The Jungle Book (2016) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 19:57 Rating: 5

Tom-Yum-Goong 1 (2005) ရုပ်သံ/အကြည်

ထိုင်းမင်းသား ဝမ်းဘတ်ရဲ့ အကောင်းဆုံးထဲ့က ဇာတ်ကားလေးပါ 
အဟောင်းလည်း ဆိုပေမယ့် ကြည့်ချင်ကြတဲ့ သူငယ်ချင်းတွေအတွက်
 တင်ပေးလိုက်ပါတယ်။
ယခုဇာတ်ကားကိုဒေါင်းလော့ ရယူရန်
 နှင့် 
တိုက်ရိုက်ကြည့်ရှုလိုသူများ  အောက်က

Watch And Download Here!!! ဆိုတာကို

 နှိပ်ပြီး  ကြည့်ရှု ဒေါင်းယူနိုင်ပါတယ်.။



Tom-Yum-Goong 1 (2005) ရုပ်သံ/အကြည် Tom-Yum-Goong 1 (2005) ရုပ်သံ/အကြည် Reviewed by Anthony KaKap on 02:34 Rating: 5

Total Recall (2012) မြန်မာစာတန်းထိုး


Total Recall (2012) မြန်မာစာတန်းထိုး 
ဇာတ်ကားဟောင်းလေးဆိုပေမယ့် မကြည့်ရသေးတဲ့
သူငယ်ချင်းတွေအတွက်တော့ အသစ်ပဲပေါ့ဗျာ..။
Action, Adventure, Mystery အမျိုးအစားဖြစ်ပြီး
IMDb Rating: 6.3 ထားတဲ့ ဇာတ်ကားလေးပါ..။
ရိုးရိုးသားသားပြောရရင် ဒီဇာတ်ကားကို ကျနော်မကြည့်ရသေးလို့
အညွန်းမပေးနိုင်တာ နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ..။
ဒီဇာတ်ကားကို ကျနော်ညီလေး အေးချမ်း မှ
ဗမာပြည်ကနေ တင်ပေးထားတာပါ...

ပုံမှန်အတိုင်းပဲ pCloud ကနေတင်ပေးထားပါတယ်...။
အောက်မှာ တိုက်ရိုက်ကြည့်ရှုရန်နှင့် ဒေါင်းရန်လင့်>>>

Download 480p 437 MB 

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
http://channyeinmw.blogspot.com/
Total Recall (2012) မြန်မာစာတန်းထိုး Total Recall (2012) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 03:42 Rating: 5

The.Matrix ( 1999 ) မြန်မာစာတန်းထိုး


ဒီ ဇာတ်ကားလေးဆိုရင်ဖြင့်လည်း  IMDb Rating 8.7 မှာ အထိရရှိထားတဲ့
 Action > Sci-Fi နှစ်သက်သူတွေကတော့ အကြိုက်တွေ့စေမယ့်
အက်ရှင် ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ မရေးတော့ပါ။
ကိုယ်တိုင်သာ ကြည့်ရှုခံစားရင်း ဒီဇာတ်လေးအဆက်တွေကို တင်ဆက်ပေးဖို့ ကြိုးစားနေပါတယ်။

ယခုဇာတ်ကားကိုဒေါင်းလော့ရယူရန် နှင့် 
တိုက်ရိုက်ကြည့်ရှုလိုသူများအောက်က
Watch And Download Here!!!   ဆိုတာကို
 နှိပ်ပြီး  ကြည့်ရှုဒေါင်းယူနိုင်ပါတယ်.။

ဇာတ်ကားအမည်၊ The.Matrix 
အရည်အသွေး၊     အကြည်
    Subtitle ၊  မြန်မာစာတန်းထိုး
စာတန်းထိုးသူ၊  လင်း(စွယ်စုံ)
Translated ၊  Lotus Black
File size ၊  1.3 GB


Watch And Download Here!!!

 Watch And Download Here!!!




ဇာတ်လမ်းရဲ့ နမူနာကြည့်ရန် 


 လင်းစွယ်စုံ(နည်းပညာမျှဝေခြင်း)
http://www.linmss.org/
အဆင်ပြေကြပါစေ
The.Matrix ( 1999 ) မြန်မာစာတန်းထိုး The.Matrix ( 1999 ) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 02:18 Rating: 5

21.Jump.Street. (2012) မြန်မာစာတန်းထိုး





ဒီဇာတ်ကားလေးကတော့ 2012 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7.2 အထိရရှိထားတဲ့ရဲ ဟာသ သူငယ်ချင်းနှစ်ယောက်ရဲ့ အထူးသရုပ်ဆောင် တင်ဆက်ပြသထားတဲ့ ဇာတ်ကောင်းတစ်ကားဖြစ်ပါတယ်.။ဒီဇာတ်ကားလေးမှာတော့ မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းပြီးလို့ရဲထဲဝင်တဲ့အခါလည်း အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်..ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ်။ အဆိုပါ ဇာတ်ကားလေးကတော 22.Jump.Street.(2014 ) ခုနှစ်အတွက်လည်း အဆက်ဇာတ်ကားလေး ကိုပါ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။  မကြည့်ရသေးသူများ အလွယ်တစ်ကူ ကြည့်ရှုနိုင်ရန်၊ ဒေါင်းယူနိုင်ရန် အတွက်လည်း အကောင်းဆုံး တင်ပေးထားပါတယ်။ယခုဇာတ်ကားကိုဒေါင်းလော့ရယူရန် နှင့်တိုက်ရိုက်ကြည့်ရှုလိုသူများအောက်က Download Watch Movies  ဆိုတာကို နှိပ်ပြီး  ကြည့်ရှုဒေါင်းယူနိုင်ပါတယ်.။


21.Jump.Street. (2012) မြန်မာစာတန်းထိုး 21.Jump.Street. (2012) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 22:46 Rating: 5

Mojin-The Lost Legend(2015) မြန်မာစာတန်းထိုး

   Mojin-The Lost Legend(2015) မြန်မာစာတန်းထိုး 

ဒီတခါတောင်းဆိုထားကြတဲ့တရုတ် Action, Horror ကားဖြစ်တဲ့
Mojin-The Lost Legend ဆိုတဲ့ကားကိုတင်ပေးလိုက်ပါတယ်
ဒီကားရဲ့ မူရင်းခေါင်းစဉ်က The Ghouls ပါ
လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက တရုတ်ပြည်ဟာစစ်ပွဲအတွင်းမှာ
တိုင်းပြည်အပိုင်း ၃ ပိုင်းကွဲသွားခဲ့ရတယ်
စစ်ပွဲကြောင့်အစားအစာလိုအပ်ချက်ကအဓိကဖြစ်ခဲ့ပါတယ်
ဒါနဲ့ပဲ မိုဂျင်းရှောင်ဝီ ဆိုတဲ့အဖွဲ့တဖွဲ့ပေါ်လာခဲ့တယ်
မိုဂျင်းရှောင်ဝီအဖွဲ့ဆိုတာ သင်္ချိုင်းထဲကအုတ်ဂူတွေကိုဖောက်ပြီး
ရှေးဟောင်းရတနာပစ္စည်းတွေကိုခိုးယူတဲ့သူတွေဖြစ်ပါတယ်
မိုဂျင်းရှောင်ဝီတွေအတိအကျလိုက်နာရမယ့် 

စည်းကမ်းတခုရှိပါတယ်
အခေါင်းကိုမဖွင့်ခင်အရှေ့တောင်ဘက်ထောင့်မှာ ဖယောင်းတိုင်
တတိုင်ကိုထွန်းရမယ် တကယ်လို့ ဖယောင်းတိုင်မီးသာငြိမ်းသွားရင်
မိုဂျင်းတွေကရတနာတွေကိုထားခဲ့ပြီး ဒီအုတ်ဂူကနေပြန်လှည့်
သွားရလိမ့်မယ် ဒီလိုမှမဟုတ်ရင် ရုတ်တရက်   
 ကံဆိုးမှုကြီးတခုဖြစ်သွားလိမ့်မယ်
ဒီကားထဲမှာ မိုဂျင်းရှောင်ဝီများကတော့ 
ဟူဘင်ရီအဖြစ်မင်းသား (ChenKun)
ဝမ်ခိုင်ယွမ်အဖြစ်မင်းသား(HuangBo)နဲ့ ရှောင်လီရန်အဖြစ်
နာမည်ကြီးမင်းသမီး(Shu Qi)တို့က 
အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်
ဒီဇာတ်လမ်းထဲမှာ ဟူဘင်ရီနဲ့ဝမ်ခိုင်ယွမ်တို့ဟာ လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၀က သူတို့တိတ်တခိုးချစ်ရတဲ့ ဒင်စီရန်(Angelababy) နဲ့အတူတူ အဖွဲ့လိုက်ရှာဖွေရေးခရီးထွက်ကြရင်း
ကန့်သတ်နယ်မြေတခုကိုရောက်ရှိသွားခဲ့ပါတယ်...အဲဒီနေရာမှာ
ရုပ်ထုကြီးများစွာကိုတွေ့တဲ့အခါဖျက်ဆီးပစ်ကြပါတယ် အဲဒီလို
ဖျက်ဆီးပစ်လိုက်တဲ့အတွက် ရရှိလာတဲ့နောက်ဆက်တွဲများကိုတော့
ဆက်လက်ပြီးရင်တထိတ်ထိတ်နဲ့ရှူစားကြည့်ကြပါ
 

 ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်


Download 480p 500 MB 

Download 720p 1.2 GB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
http://channyeinmw.blogspot.com/
Mojin-The Lost Legend(2015) မြန်မာစာတန်းထိုး Mojin-The Lost Legend(2015) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 03:10 Rating: 5

London Has Fallen (2016)

 London Has Fallen (2016)

လက်ရှိ US မှာရုံတင်နေတဲ့ London Has Fallen (2016)
ကားသစ်ကိုတင်ပေးလိုက်ပါတယ် CAM အဆင့်ထွက်ဆိုပေမယ့်
အရင်လိုမှောင်မဲမနေပဲ ကြည့်ရတာအဆင်ပြေပါတယ်
ဒီကားကတော့ Action, Crime, Thriller အမျိုးအစားပါ
လန်ဒန်ဝန်ကြီးချုပ်၏ဈာပနအခမ်းအနားသို့ ကမ္ဘာ့ထိပ်သီး
ခေါင်းဆောင်ကြီးများသွားရောက်ရာမှာ အကြမ်းဖက်သမားများ၏
လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ် အမေရိကန်သမ္မတ
Benjamin Asher(
Aaron Eckhart)ကိုလုပ်ကြံတဲ့အခါမှာတော့
လျှို့ဝှက်ထောက်လှမ်းရေး Mike Banning(
Gerard Butler) မှသက်စွန့်ဆံဖျားကယ်တင်မှုများကို 
ရင်သပ်ရှုမောစွာကြည့်ရမယ့်ကားဖြစ်ပါတယ်
စာတန်းထိုးနဲ့တော့ နောက်အဆင်ပြေရင်ထပ်တင်ပေးပါ့မယ်
ဦးဦးဖျားဖျားကြည့်ရအောင်လို့ ခုထွက်ထွက်ချင်းတင်ပေးလိုက်ပါတယ်
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 

2013 ထွက်ထားတဲ့ 
Olympus Has Fallen မကြည့်ရသေးသူများ ဒီလင့်မှာဝင်ကြည့်ပါ
Olympus Has Fallen (2013) မြန်မာစာတန်းထိုး 


 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 334 MB 

Download 755 MB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://channyeinmw.blogspot.com/
London Has Fallen (2016) London Has Fallen (2016) Reviewed by Anthony KaKap on 02:08 Rating: 5

Survivor (2015) မြန်မာစာတန်းထိုး

   Survivor (2015) မြန်မာစာတန်းထိုး 

ဒီကားကတော့ Action, Crime, Thriller အမျိုးအစားဖြစ်ပြီး
မင်းသမီး Milan Jovovich မှ Kate Abbot အဖြစ်
အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
အမေရိကန်လူဝင်မှုကြီးကြပ်ရေးမှဘီလ်ရဲ့သားဖြစ်သူဟာ လေတပ်တွင်
တာဝန်ထမ်းဆောင်စဉ် အာဖဂန်နစ္စတန်နှင့်စစ်ဖြစ်ပွားပြီး လေယာဉ်
ပျက်ကျကာ တာလီဘန်များလက်သို့ရောက်ရှိသွားခဲ့ပါတယ်
တာလီဘန်များဖက်မှ  ဖောက်ခွဲရေးပညာရှင်ဓာတ်ငွေ့
ကျွမ်းကျင်သူဖြစ်တဲ့ EmilBlan အား နယူးယောက်ခ်မြို့ရဲ့
အထင်ကရဖြစ်တဲ့ Time Square တွင် Happy New Year
ညမှာအကြမ်းဖက်ဖောက်ခွဲရန်အတွက်အမေရိကားသို့စေလွှတ်ခဲ့
ပါတယ် လေဆိပ်တွင် ပတ်စ်ပို့ စစ်ရာမှ Kate Abbot ဟာသံသယ
ရှိတဲ့အတွက်စစ်ဆေးရာ ဘီလ်မှ သားဖြစ်သူနှင့်အကြပ်ကိုင်ထားတဲ့
အတွက် လွှတ်ပေးလိုက်ပါတယ် Kate Abbot ဟာ ထိုကိစ္စကိုသင်္ကာမကင်းတဲ့အတွက်စုံစမ်းပါတော့တယ်
Kate Abbot ကိုရှင်းဖို့အတွက် မင်းသားကြီး Pierce Brosnan(Nash) ကိုစေခိုင်းခဲ့ရာ ဘီလ်ရဲ့မွေးနေ့ပွဲကျင်းပသောစားသောက်ဆိုင်တွင်
Kate Abbot တို့တဖွဲ့လုံးဗုံးခွဲလုပ်ကြံခံခဲ့ရပေမယ့် Kate Abbot ဟာ မထင်မှတ်ပဲလွတ်မြောက်သွားခဲ့ပါတယ် Kate Abbot 

  နောက်ကို Nash ဟာ ထပ်ကြပ်မကွာလိုက်ပြီးရှင်းခဲ့ရာ
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်ရှူစားကြပါလို့...
မကြည့်ရသေးသူများကြည့်ရအောင်လို့စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်

ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 390 MB 

Download 720p 1.1 GB 



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/
Survivor (2015) မြန်မာစာတန်းထိုး Survivor (2015) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 16:56 Rating: 5

Spectre (2015) မြန်မာစာတန်းထိုး

Spectre (2015) မြန်မာစာတန်းထိုး 

 အားလုံးကြည့်ချင်နေကြတဲ့
007 ဂျိန်းစ်ဘွန်းရဲ့နောက်ဆုံးထွက်ဇာတ်ကားသစ်ကို
စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်
ဇာတ်ကားကတော့ Bluray မထွက်သေးပါဘူး
ဦးဦးဖျားဖျားကြည့်ရအောင်လို့ 
အကြည်ဆုံးထွက်တာတင်ပေးထားပါတယ်
  007 ရဲ့ဇာတ်ကားတွေအားလုံးထဲမှာ  
Skyfall ပြီးရင် ဒီကားကတော့ဒုတိယဂရင်းနစ်စံချိန်
တင်တဲ့ကားလို့ဆိုထားကြပါတယ်
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
 
တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်

Download 480p 600 MB 


 Download 720p 1.1 GB


အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 
Spectre (2015) မြန်မာစာတန်းထိုး Spectre (2015) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 20:05 Rating: 5

Evil Dead (2013) မြန်မာစာတန်းထိုး




 Evil Dead (2013) မြန်မာစာတန်းထိုး

သေခြင်းတရားစာအုပ် ဒဏ္ဍာရီထဲမှာတော့ အဲဒါကိုလျှို့ဝှက်သူတဦးဖြစ်တဲ့
နက်ခရွန်မီခွန် အိက်ခ်မော်တီစ် ကရေးသားခဲ့တာဖြစ်တယ်
ဒီစာအုပ်ကို သေခြင်းတရားစာအုပ်လို့ခေါ်ပါတယ်
ဒီစာအုပ်ရဲ့အသုံးဝင်မှုကတော့ မကောင်းဆိုးဝါးတွေရဲ့
ကမ္ဘာကိုသွားနိုင်ခြင်းပဲဖြစ်တယ်
ဒါကို ဟိုးရှေးရှေးတုန်းကရေးခဲ့တာ
ပင်လယ်ပြင်ကြီးတခုလုံးသွေးရောင်တွေ
လွှမ်းနေတဲ့အချိန်မှာ ရေးခဲ့တာဖြစ်ပြီး
အဲဒီသွေးတွေကိုပဲ စာအုပ်မှာရေးသားဖို့ မှင်အဖြစ်သုံးခဲ့တယ်
အေဒီ(၁၃)ရာစုလောက်မှာ
စာအုပ်ဟာပျောက်ဆုံးသွားခဲ့တယ် ဒီစာအုပ်ကို...
ရှေးဟောင်းသမိုင်းဌာနက ပါမောက္ခ ရေးမွန်ဟာ
ကန်ဒါရဲတိုက်ထဲကနေ ရှာဖွေတွေ့ရှိခဲ့တယ်
ရေးမွန်ဟာ..သူ့ဇနီးနဲ့ အတူအဲဒီစာအုပ်ကို
သစ်သားအိမ်ငယ်လေးဆီကိုယူလာပြီး
အဲဒီနေရာလေးမှာပဲ အနှောင့်ယှက်ကင်းကင်းနဲ့ လေ့လာနိုင်ခဲ့တယ်
ပြီးတော့ အဲဒီသစ်သားအိမ်လေးမှာပဲ စတင်ပြီးတော့ဘာသာပြန်ခဲ့တယ်
ဒီစာအုပ်ဟာ ၀ိဥာဉ်စာအုပ်တအုပ်ဖြစ်တယ်
မကောင်းဆိုးဝါးရဲ့ပစ္စည်းလည်းဖြစ်တယ် လူတွေပိုင်တဲ့ဒီအခန်းနဲ့
ဒီသစ်တောတွေဟာလဲ နတ်ဆိုးရဲ့ခြေလှမ်းစမယ့်နယ်မြေသစ်ပဲဖြစ်တယ်
ဒီစာအုပ်ထဲမှာပါတဲ့ စာပိုဒ်တွေရွတ်ပြီးတာနဲ့
အမှောင်လောကမှာရှိတဲ့ဝိဥာဉ်တွေဟာ
 အသက်ပြန်ဝင်လာကြတယ်...
နောက်တော့ ရေးမွန် နဲ့ သူ့ဇနီး သေဆုံးသွားခဲ့ကြတယ်လို့
လူတွေက ထင်တယ်...
နှစ်ပေါင်းများစွာ ကြာပြီးတဲ့ နောက်...
အဲဒီသစ်သားအိမ်လေးကို အပျော်ခရီးထွက်ကြတဲ့
သူငယ်ချင်းတစု ရောက်ရှိခဲ့ကြတယ်...။
အဲဒီမှာ ပါမောက္ခ ရေးမွန် ရဲ့ အသံသွင်းထားတဲ့
 ကိတ်ရီကော်ဒါတလုံး နဲ့  သေခြင်းတရားစာအုပ် ကိုတွေ့ခဲ့ကြတယ်..
သူတို့ဟာကိတ်ရီကော်ဒါ ကိုရော စာအုပ်ကိုပါ ဖွင့်ကြည့်မိရာကနေ
မကောင်းဆိုးရွားဝိဥာဉ်တွေ နိုးထပြီး...
Evil Dead  ဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်လာတယ်..။
သရဲကားနှစ်သက်သူတွေ လက်လွှတ်မခံသင့်တဲ့
ဇာတ်ကားတွေဆိုတာကိုတော့ ပြောဖို့မလိုဘူးထင်ပါတယ်..။

ပုံမှန်အတိုင်းပဲ pCloud ကနေ 
ဖိုင်ဆိုဒ်အကြီး အသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
  ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ





Evil Dead (2013) မြန်မာစာတန်းထိုး Evil Dead (2013) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 18:07 Rating: 5

♪ C-Ronaldo ချစ်သူများအတွက် သူ့အကြောင်းဖြစ်ရပ်မှန်ရိုက်ကူးထားတဲ့ - Ronaldo (2015) မြန်မာစာတန်းထိုး ♫

Cristiano Ronaldo ဆိုတာကတော့ လူကြီး၊လူငယ်၊ကျား၊မ မရွေးကမ္ဘာပေါ်ကလူသားတိုင်းရင်းနှီးနေတဲ့ ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ အခုရုပ်ရှင်ကတော့ သူ့အကြောင်းကို တစေ့တစောင်းဖော်ပြထားတဲ့ Documentary အမျိုးအစားရုပ်ရှင်လေးဖြစ်ပါတယ်။ ဒိုလေးရဲ့ဘဝကို အပြည့်အစုံမဖော်ပြနိုင်ပေမယ့် နီးနီးကပ်ကပ်ကြည့်ရှုလေ့လာခွင့်ရမယ့်ရုပ်ရှင်ပါ။ 
  
ဒိုလေး(ခေါ်) CR7 ဆိုတာ ကျွန်တော်ရဲ့ အနှစ်သက်ဆုံး ဘောလုံးကစားသမားပါ။ ကျွန်တော်က မန်ယူဖန်ဖြစ်တာကြောင့်လဲ ပါပါတယ်။ သူ့ရဲ့ အားအင်အပြည့်နဲ့ကစားတတ်တဲ့ မာန်ချီတဲ့ကစားဟန်တွေ ကို နှစ်သက်သူဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်လို ဒိုလေးပရိတ်သတ်တွေအတွက် သူ့ဘဝကို အနီးကပ်လေ့လာခွင့်ရမယ့်ဒီရုပ်ရှင်လေးကို မြန်မာစာတန်းထိုးနဲ့ တင်ဆက်လိုက်ပါတယ်။ လိုင်းမကောင်း တဲ့လူတွေလဲကြည့်လို့အဆင်ပြေအောင် ဖိုင်ဆိုဒ်အသေးကို 300MB နဲ့ပဲတင်ပေးထားပါတယ်။ အားပေး ကြပါဦး။

File size...(800MB) 
Quality...BR-Rip 720p

Format...mp4
Duration....01:32:20
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

♪ C-Ronaldo ချစ်သူများအတွက် သူ့အကြောင်းဖြစ်ရပ်မှန်ရိုက်ကူးထားတဲ့ - Ronaldo (2015) မြန်မာစာတန်းထိုး ♫ ♪ C-Ronaldo ချစ်သူများအတွက် သူ့အကြောင်းဖြစ်ရပ်မှန်ရိုက်ကူးထားတဲ့ - Ronaldo (2015) မြန်မာစာတန်းထိုး ♫ Reviewed by Anthony KaKap on 18:01 Rating: 5

Bang Bang (2014) မြန်မာစာတန်းထိုး


Bang Bang (2014) မြန်မာစာတန်းထိုး
 

ခုကတော့ Bang-Bang ဆိုတဲ့ ၂၀၁၄ ထွက်  
Bollywood အက်ရှင်ဇာတ်ကြမ်းလေး ပါ
လက်ပွားမင်းသား Hrithik Roshan ရဲ့စိန်ခိုးတဲ့ကားဆိုပြီး
ချမ်းငြိမ်း-မှော်ဝန်းပရိသတ်ကြီး တောင်းဆိုနေကြတာ ကြာပါပြီ
ခုအဆင်ပြေလို့တင်ပေးလိုက်ပါတယ် မြန်မာစာတန်းထိုးနဲ့ 
မလို့အညွှန်းတော့မပေးတော့ပါဘူး မင်းသားရော မင်းသမီးရော
ပြောစရာမလိုအောင် သိပြီးသားတွေပါပဲ
မကြည့်ရသေးတဲ့သူတွေကြည့်ဖြစ်အောင်ကြည့်ကြပါ
ကြည့်ပြီးသူများထပ်ကြည့်လည်း ကောင်းတဲ့ကားလေးပါ
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ...


Download 480P 625 MB 


Download 1080P 1.8 G


အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/
Bang Bang (2014) မြန်မာစာတန်းထိုး Bang Bang (2014) မြန်မာစာတန်းထိုး Reviewed by Anthony KaKap on 18:28 Rating: 5
ads 728x90 B
Theme images by Radius Images. Powered by Blogger.