Evil Dead (2013) မြန်မာစာတန်းထိုး
သေခြင်းတရားစာအုပ် ဒဏ္ဍာရီထဲမှာတော့ အဲဒါကိုလျှို့ဝှက်သူတဦးဖြစ်တဲ့
နက်ခရွန်မီခွန် အိက်ခ်မော်တီစ် ကရေးသားခဲ့တာဖြစ်တယ်
ဒီစာအုပ်ကို သေခြင်းတရားစာအုပ်လို့ခေါ်ပါတယ်
ဒီစာအုပ်ရဲ့အသုံးဝင်မှုကတော့ မကောင်းဆိုးဝါးတွေရဲ့
ကမ္ဘာကိုသွားနိုင်ခြင်းပဲဖြစ်တယ်
ဒါကို ဟိုးရှေးရှေးတုန်းကရေးခဲ့တာ
ပင်လယ်ပြင်ကြီးတခုလုံးသွေးရောင်တွေ
လွှမ်းနေတဲ့အချိန်မှာ ရေးခဲ့တာဖြစ်ပြီး
အဲဒီသွေးတွေကိုပဲ စာအုပ်မှာရေးသားဖို့ မှင်အဖြစ်သုံးခဲ့တယ်
အေဒီ(၁၃)ရာစုလောက်မှာ
စာအုပ်ဟာပျောက်ဆုံးသွားခဲ့တယ် ဒီစာအုပ်ကို...
ရှေးဟောင်းသမိုင်းဌာနက ပါမောက္ခ ရေးမွန်ဟာ
ကန်ဒါရဲတိုက်ထဲကနေ ရှာဖွေတွေ့ရှိခဲ့တယ်
ရေးမွန်ဟာ..သူ့ဇနီးနဲ့ အတူအဲဒီစာအုပ်ကို
သစ်သားအိမ်ငယ်လေးဆီကိုယူလာပြီး
အဲဒီနေရာလေးမှာပဲ အနှောင့်ယှက်ကင်းကင်းနဲ့ လေ့လာနိုင်ခဲ့တယ်
ပြီးတော့ အဲဒီသစ်သားအိမ်လေးမှာပဲ စတင်ပြီးတော့ဘာသာပြန်ခဲ့တယ်
ဒီစာအုပ်ဟာ ၀ိဥာဉ်စာအုပ်တအုပ်ဖြစ်တယ်
မကောင်းဆိုးဝါးရဲ့ပစ္စည်းလည်းဖြစ်တယ် လူတွေပိုင်တဲ့ဒီအခန်းနဲ့
ဒီသစ်တောတွေဟာလဲ နတ်ဆိုးရဲ့ခြေလှမ်းစမယ့်နယ်မြေသစ်ပဲဖြစ်တယ်
ဒီစာအုပ်ထဲမှာပါတဲ့ စာပိုဒ်တွေရွတ်ပြီးတာနဲ့
အမှောင်လောကမှာရှိတဲ့ဝိဥာဉ်တွေဟာ
အသက်ပြန်ဝင်လာကြတယ်...
နောက်တော့ ရေးမွန် နဲ့ သူ့ဇနီး သေဆုံးသွားခဲ့ကြတယ်လို့
လူတွေက ထင်တယ်...
နှစ်ပေါင်းများစွာ ကြာပြီးတဲ့ နောက်...
အဲဒီသစ်သားအိမ်လေးကို အပျော်ခရီးထွက်ကြတဲ့
သူငယ်ချင်းတစု ရောက်ရှိခဲ့ကြတယ်...။
အဲဒီမှာ ပါမောက္ခ ရေးမွန် ရဲ့ အသံသွင်းထားတဲ့
ကိတ်ရီကော်ဒါတလုံး နဲ့ သေခြင်းတရားစာအုပ် ကိုတွေ့ခဲ့ကြတယ်..
သူတို့ဟာကိတ်ရီကော်ဒါ ကိုရော စာအုပ်ကိုပါ ဖွင့်ကြည့်မိရာကနေ
မကောင်းဆိုးရွားဝိဥာဉ်တွေ နိုးထပြီး...
Evil Dead ဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်လာတယ်..။
သရဲကားနှစ်သက်သူတွေ လက်လွှတ်မခံသင့်တဲ့
ဇာတ်ကားတွေဆိုတာကိုတော့ ပြောဖို့မလိုဘူးထင်ပါတယ်..။
ပုံမှန်အတိုင်းပဲ pCloud ကနေ
ဖိုင်ဆိုဒ်အကြီး အသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ
Evil Dead (2013) မြန်မာစာတန်းထိုး
Reviewed by Anthony KaKap
on
18:07
Rating:
Reviewed by Anthony KaKap
on
18:07
Rating:

No comments:
Post a Comment