Results for ကဗျာ

အ​မေညာတယ်

အမေ ညာတယ်
ထမင်းအိုးထဲ ထမင်းမလောက်မှန်း သိတော့ `အမေ မဆာဘူး
သားတို့ စားပါ´တဲ့။

အမေ ညာတယ်
တစ်ခါတစ်ရံ အသားဟင်း ချက်တော့ `အမေ သွားမကောင်းလို့ ချဉ်ပေါင်ရွက်ချက်နဲ့ အမေ စားမယ်၊ အသားဟင်း သားတို့ စားပါ´တဲ့။

အမေ ညာတယ်
အ၀တ်အစားသစ် မရှိ၊ ခါဝတ် အင်္ကျီ လုံချည် ဟောင်းနွမ်းနေပါလျက် `အမေ့အင်္ကျီ လုံချည် အသစ်ပဲ ရှိသေးလို့ အမေ့အတွက် မလိုဘူး၊ အ၀တ်အစားသစ် သားတို့ ၀တ်ပါ´တဲ့။

အမေ ညာတယ်
ဖနောင့် နေရာမှာ ပါးပြီး ပေါက်နေပါလျက် `အမေ့ဖိနပ် အကောင်းပဲ ရှိသေးလို့ ဖိနပ်အသစ် သားတို့ စီးပါ´တဲ့။

အမေ ညာတယ်
လောကဓံကို အံတု၊ မာန်တင်းကာ ရင်ဆိုင်ပေမယ့် သားတို့ နောင်ရေးတွေး စိတ်မအေးလို့ ၀မ်းနည်း မျက်ရည် ကျနေပါလျက် `အမေ ဘာလို့ ငိုတာလဲ´မေးတော့ `အမေ မငိုပါဘူး၊ မိုးရွာတာပါ´တဲ့။

အမေ ညာခဲ့တယ်၊ မေတ္တာဖုံးတဲ့ မုသားနဲ့ အမေ အမြဲ ညာခဲ့တယ်၊

အမေ မညာပါနဲ့တော့ အမေရယ်၊ အမေ ညာခဲ့တာ မသိ၊ သားကိုယ်တိုင် ကြုံတွေ့ရတော့မှ အမေ့မေတ္တာကို သိ သားရင်ထဲ တဆစ်ဆစ် နာကြင်နေရပြီ အမေ။

ဒီတစ်ခါ သားကို တစ်လှည့် ညာခွင့်ပေးပါ။

`သားရဲ့ လုပ်အားခ လစာလေး ပိုလျှံနေလို့ လတိုင်း အမေ့ထံ ကန်တော့ပါရစေ။´

မာတာပိတုဂုဏံ အနန္တံ အဟံ ၀န္ဒာမိပါ အမေ...။

အမေဆိုတာ သား၊ သမီးတို့အတွက် ရတက်မအေး သောကမျက်ရည် ကျမိတဲ့အခါ သား၊ သမီးတို့အပေါ် မစိုစေ၊ မမြင်စေဘဲ မိုးရေအဖြစ် အသွင်ပြောင်းကာ မြင်စေသူပါ။

ပြာသိုလပြည့် အမေများနေ့ အမှတ်တရ { 24-1-2016 }
မင်းသော်တာ www.minntharlayit.com


အဆင်​​ပြေပါ​စေ မင်း​သော်​တာ(မင်းသား​လေးနည်းပညာ)
အ​မေညာတယ်​ အ​မေညာတယ်​ Reviewed by Anthony KaKap on 02:34 Rating: 5

တွဲလက်များ


တွဲလက်များ
~~~~~~~~

"မောင့်ကိုသဝန်မတိုဘူးလား" တဲ့လား---

လိုအပ်လို့လားမောင်ရယ်---ကျွန်မတစ်ယောက်တည်းကိုမောင်ချစ်တာကျွန်မယုံကြည်နေမှတော့

ကျွန်မအပေါ်ထားတဲ့မောင့်ရဲ့သစ္စာတရားကိုလည်းကျွန်မလေးစားတန်ဖိုးထားရမှာပေါ့။သဝန်တို

တတ်မှအချစ်စစ်တယ်လို့ထင်နေတဲ့မောင့်ရဲ့ခပ်ညံ့ညံ့အတွေးတွေကိုဝေးဝေးသာလွှင့်ပစ်လိုက်

ပါတော့မောင်။

"အတိတ်ကိုမေ့မပစ်နိုင်သေးဘူးလား"တဲ့လား---

မောင်ရေ----ကျွန်မကတော့အတိတ်ဆိုတာကိုသတိရချင်ရနိုင်ပေမယ့်သူ့ရဲ့အချိန်ကာလတစ်ခု

ကတော့ပြီးဆုံးချုပ်ငြိမ်းသွားပြီလို့ပဲပြောချင်တယ်ကွယ်။အတိတ်ကနေပြီးရုန်းမထွက်နိုင်ဘဲကုန်

လွန်ပြီးတဲ့အချိန်တွေကို အမြဲတမ်းထွေးဖက်လို့အဆွေးသက်သက်နဲ့ရှငသန်နေရလောက်

အောင်-----မောင်ချစ်ခဲ့တဲ့ကျွန်မကဒီလောက်အထိမညံ့သေးပါဘူးမောင်----

"မောင်တို့လက်တွဲမယ့်အနာဂတ်ကိုပုံဖော်ကြည့်ဖူးလား"တဲ့လား----

မောင်ရေ---ကျွန်မကတော့မရေရာတဲ့နက်ဖြန်ဆိုတာထက်သေချာနေတဲ့ပစ္စုပ္ပန်အတွက်ကိုပဲ

ပြောချင်တယ်ကွယ်။ဘာမဆိုဖြစ်လာနိုင်တဲ့လောကကြီးမှာ၊ဘာတွေဖြစ်လာရမယ်လို့ကြိုတွက်

ပြီးမောနေမယ့်အစား အခုလက်ရှိအချိန်လေးကိုပဲအကောင်းဆုံးတန်ဖိုးထားလို့တစ်ယောက်ကို

တစ်ယောက်မြတ်နိုးကြပါစို့လားမောင်။အချစ်တွေပြည့်နေတဲ့နေ့ရက်တိုင်းကိုနားလည်မှုအပြည့်

နဲ့တစ်ယောက်ကိုတစ်ယောက်ကြင်နာစွာဖေးမလက်တွဲသွားမယ်ဆိုရင်၊မမြင်ရသေးတဲ့မောင်နဲ့

ကျွန်မရဲ့အနာဂတ်နေ့ရက်တွေကအလိုလိုလှပနေမှာမောင်ရောကျွန်မပါယုံကြည်ထားရမယ်လေ။

မောင်နဲ့ကျွန်မဆီမှာ မတူတာတွေရှိနေပေမယ့် လူတကာတွေကိုကြည့်ပြီးညှိနေဖို့မလိုပါဘူး

ကွယ်။

ရပ်တည်မှုကိုယ်စီနဲ့ ရှင်သန်မှုကွဲပြားတဲ့ဘဝတွေအတွက်ယုံကြည်မှုနဲ့သာရွက်လွှင့်

မယ်ဆိုရင်-----

မောင်ရေ----မောင်သာအနားမှာအတူရှိနေရင် လှိုင်းပဲထန်ထန်၊ လေပဲကြမ်းကြမ်း၊ ကျွန်မတို့

တွဲလက်တွေဘယ်တော့မှမဖြုတ်တမ်းပဲဆိုတာ မောင်ယုံကြည်ပေးထားပါနော်။ ။

တွဲလက်များ တွဲလက်များ Reviewed by Anthony KaKap on 22:19 Rating: 5

ကောင်​မ​လေး အတွက်


ကောင်မလေးရေ......
ဘ၀ဆိုတာ ငါ့အတွက်တော့
မင်းရဲ့ချစ်ခြင်းနဲ့မှ စတင်သက်ဝင်
ရှင်သန်ခွင့်ရတဲ့ ပန်းတစ်ပွင့်ပေါ့....

ဟောသည်ကမ္ဘာတစ်ဆုံး အလှဆုံး
ဒီလိုစကားလုံးတွေလည်း
မင်းရဲ့မူယာထဲမှာပဲ ပျောက်ဆုံးခဲ့တယ်.....

ချစ်တယ်ဆိုတဲ့အသံလေး
ဟောသည်အဝေးပြေးရင်ခုန်သံနဲ့
တစ်ရံခါဆီကို အချိန်ပိုနဲ့လွမ်းတယ်...

အချစ်ဆိုတာ"အား" ဖြစ်စေချင်တဲ့ငါ့ဆန္ဒ
တစ်ကယ်တမ်းကျတော့"ဓါး"
စည်းအထပ်ထပ်ကြားမှာ
မနီးစပ်နိုင်တဲ့ဘ၀တွေလားလို့
အားငယ်စွာငိုဖူးခဲ့ပြီလေ....

မသပ်မရပ်မျှော်လင့်ချက်တွေအတွက်
မင်နီတားခံရလည်း
အသင်္ချေကမ္ဘာတစ်သန်းထိ
မင်းမျက်နှာလေးခိုးကြည့်ပြီး
မှားမှန်းသိသိနဲ့ ဆက်ချစ်သွားမယ်....

ခွင့်လွှတ်ပါကောင်မလေးရယ်.......


ဂျစ်တူး
ကောင်​မ​လေး အတွက်​ ​ကောင်​မ​လေး အတွက်​ Reviewed by Anthony KaKap on 17:02 Rating: 5

လွမ်းတဲ့လမ်း (မောင်လှမျိုး(ချင်းချောင်းခြံ))


လွမ်းတဲ့လမ်းမှာ

ပန်းလည်း မပွင့်

ရင်နင့်စရာ..။

လွမ်းတဲ့လမ်းမှာ

ရွက်သစ်မဝေ

ရွက်ခြောက်တွေဝဲ

ကြေကွဲစရာ ..။

လွမ်းတဲ့လမ်းမှာ

စမ်းလည်းမစီး

ဝမ်းနည်းကြီးမား

သီးခြားကမ္ဘာ..။

လွမ်းတဲ့လမ်းမှာ

ချစ်သူမတွေ့

မပျော်မွေ့ဘူး.. ။

ရင်မှာစူးလျက် ရူးချင်စရာ .. ။

လွမ်းတဲ့

လမ်းမှာ ……..

…………….. ။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)

လွမ်းတဲ့လမ်း (မောင်လှမျိုး(ချင်းချောင်းခြံ)) လွမ်းတဲ့လမ်း (မောင်လှမျိုး(ချင်းချောင်းခြံ)) Reviewed by Anthony KaKap on 13:38 Rating: 5

အလွမ်း

အလွမ်း အလွမ်း Reviewed by Anthony KaKap on 13:20 Rating: 5

မျှော်​လင့်​တိမ်


မင်းနဲ့အတူစကားတစ်ခွန်းတစ်လေများ
ပြောခဲ့ဖူးသူဆိုရင်လည်း
မျက်ဝန်းကိုစုံမှိတ် မင်းအသံလေး
စိတ်ထဲမှာကြားယောင်မိမယ်.....

လသာညတစ်ချို့တစ်လေမှာ
သီချင်းတစ်စ လွမ်းလွမ်းဆွေဆွေးရေးစပ်လို့
ဂစ်တာပိုက်ပြီး မင်းနာမည်လေး
ညည်းဆိုငိုကြွေးမိမယ်...

ခုတော့...
အချစ်ဆိုတာ ရင်ထဲကပန်းတစ်ခင်း
တစ်ချိန်မှာမင်းပန်ဖို့ရယ်လို့
ရူးသွပ်စွာကောက်ချက်ဆွဲ
ပန်းနုရောင်နေ့စွဲတွေရဲ့မျက်ရည်ထဲ
မျှော်လင့်တိမ်တွေကြေကွဲပေါ့....
                                                            ဂျစ်တူး.........။
မျှော်​လင့်​တိမ်​ ​မျှော်​လင့်​တိမ်​ Reviewed by Anthony KaKap on 13:17 Rating: 5
ads 728x90 B
Theme images by Radius Images. Powered by Blogger.