အလွမ်း....တဲ့
အနမ်းမဲ့ ကဗျာလေး
ခုတော့ငိုကြွေးနေပြီ...
ကောင်မလေးရေ.... နင်...
နယ်မြေသစ်ရှာဖွေနေတဲ့ ငါ့အိပ်မက်တွေကို
ဖဲတစ်ချပ်လိုမှောက်ပစ်ခဲ့
ကောင်းကင်ပြိုတယ်ဆိုတာဘာလဲ
မီးတောင်ပေါက်ကွဲတယ်ဆိုတာဘာလဲ
အဲသည်လိုနဲ့ ကောက်ရခဲ့တဲ့ကြေကွဲမှုဆီ
နားရွက်တစ်ဖက်ဖြတ်ပြီး လက်ဆောင်ပေးခဲ့တယ်...
ကိုယ့်ကိုကိုယ်ခြံစည်းရိုးခတ်တဲ့နှလုံးသား
ခုတော့ဠင်းတစားခံရမှ စကားလုံးတွေထွက်ကျ
ဖြူစင်တဲ့လွဲချော်မှုဟာလည်း
တစ္ဆေအိပ်မက်လောက်မလှမှန်း ခုမှပဲသိခဲ့ရပေါ့....
မြို့ရိုးတစ်ခုလိုမခိုင်မာတဲ့ငါ့အိပ်ကပ်ကို
အသဲနှလုံးပျောက်ရှမှုတရားခံအဖြစ်
အန္ဓတို့ရဲ့ပလ္လင်ထက်မှာ ယဇ်တင်မယ်.....
ဂျစ်တူး........။
အလွမ်း
Reviewed by Anthony KaKap
on
13:20
Rating:
Reviewed by Anthony KaKap
on
13:20
Rating:

No comments:
Post a Comment