လွမ်းတဲ့လမ်း (မောင်လှမျိုး(ချင်းချောင်းခြံ))


လွမ်းတဲ့လမ်းမှာ

ပန်းလည်း မပွင့်

ရင်နင့်စရာ..။

လွမ်းတဲ့လမ်းမှာ

ရွက်သစ်မဝေ

ရွက်ခြောက်တွေဝဲ

ကြေကွဲစရာ ..။

လွမ်းတဲ့လမ်းမှာ

စမ်းလည်းမစီး

ဝမ်းနည်းကြီးမား

သီးခြားကမ္ဘာ..။

လွမ်းတဲ့လမ်းမှာ

ချစ်သူမတွေ့

မပျော်မွေ့ဘူး.. ။

ရင်မှာစူးလျက် ရူးချင်စရာ .. ။

လွမ်းတဲ့

လမ်းမှာ ……..

…………….. ။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)

လွမ်းတဲ့လမ်း (မောင်လှမျိုး(ချင်းချောင်းခြံ)) လွမ်းတဲ့လမ်း (မောင်လှမျိုး(ချင်းချောင်းခြံ)) Reviewed by Anthony KaKap on 13:38 Rating: 5

No comments:

ads 728x90 B
Theme images by Radius Images. Powered by Blogger.