မင်းနဲ့အတူစကားတစ်ခွန်းတစ်လေများ
ပြောခဲ့ဖူးသူဆိုရင်လည်း
မျက်ဝန်းကိုစုံမှိတ် မင်းအသံလေး
စိတ်ထဲမှာကြားယောင်မိမယ်.....
လသာညတစ်ချို့တစ်လေမှာ
သီချင်းတစ်စ လွမ်းလွမ်းဆွေဆွေးရေးစပ်လို့
ဂစ်တာပိုက်ပြီး မင်းနာမည်လေး
ညည်းဆိုငိုကြွေးမိမယ်...
ခုတော့...
အချစ်ဆိုတာ ရင်ထဲကပန်းတစ်ခင်း
တစ်ချိန်မှာမင်းပန်ဖို့ရယ်လို့
ရူးသွပ်စွာကောက်ချက်ဆွဲ
ပန်းနုရောင်နေ့စွဲတွေရဲ့မျက်ရည်ထဲ
မျှော်လင့်တိမ်တွေကြေကွဲပေါ့....
ဂျစ်တူး.........။
မျှော်လင့်တိမ်
Reviewed by Anthony KaKap
on
13:17
Rating:
No comments:
Post a Comment