ကောင်​မ​လေး အတွက်


ကောင်မလေးရေ......
ဘ၀ဆိုတာ ငါ့အတွက်တော့
မင်းရဲ့ချစ်ခြင်းနဲ့မှ စတင်သက်ဝင်
ရှင်သန်ခွင့်ရတဲ့ ပန်းတစ်ပွင့်ပေါ့....

ဟောသည်ကမ္ဘာတစ်ဆုံး အလှဆုံး
ဒီလိုစကားလုံးတွေလည်း
မင်းရဲ့မူယာထဲမှာပဲ ပျောက်ဆုံးခဲ့တယ်.....

ချစ်တယ်ဆိုတဲ့အသံလေး
ဟောသည်အဝေးပြေးရင်ခုန်သံနဲ့
တစ်ရံခါဆီကို အချိန်ပိုနဲ့လွမ်းတယ်...

အချစ်ဆိုတာ"အား" ဖြစ်စေချင်တဲ့ငါ့ဆန္ဒ
တစ်ကယ်တမ်းကျတော့"ဓါး"
စည်းအထပ်ထပ်ကြားမှာ
မနီးစပ်နိုင်တဲ့ဘ၀တွေလားလို့
အားငယ်စွာငိုဖူးခဲ့ပြီလေ....

မသပ်မရပ်မျှော်လင့်ချက်တွေအတွက်
မင်နီတားခံရလည်း
အသင်္ချေကမ္ဘာတစ်သန်းထိ
မင်းမျက်နှာလေးခိုးကြည့်ပြီး
မှားမှန်းသိသိနဲ့ ဆက်ချစ်သွားမယ်....

ခွင့်လွှတ်ပါကောင်မလေးရယ်.......


ဂျစ်တူး
ကောင်​မ​လေး အတွက်​ ​ကောင်​မ​လေး အတွက်​ Reviewed by Anthony KaKap on 17:02 Rating: 5

No comments:

ads 728x90 B
Theme images by Radius Images. Powered by Blogger.