Facebook ကြောင့်မိသားစုတစ်စုလုံးသတ်သေမှုဖြစ်ပွားခဲ့ရ Facebook သုံးသူများသတိပြုဆင်ခြင်ဖွယ် ရင်နှင့်စရာဖြစ်ရပ်တခု
ဒီဖြစ်ရပ်လေးဟာ
Facebook ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook သုံးစွဲသူ
သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။
ကောင်မလေးနာမည်က Sushmita ပါ။သူမဟာ သူမရဲ့ဓာတ်ပုံတွေကို facebook
ပေါ်မှာတင်ထားပါတယ်။ လူတစ်ယောက်က သူမဓာတ်ပုံတွေကိုကူးယူထားပြီး
သူမနာမည်နဲ့ပဲ အကောင့်အတုတစ်ခုပြုလုပ် လိုက်ပါတယ်။ ပြီးတော့ သူမဟာ
ပြည့်တန်ဆာတစ်ယောက်ဖြစ်ကြောင်း ကြေညာထားပါတယ်။သူမဟာ သိက္ခာရှိတဲ့ မိသားစုထဲက
အမျိုးကောင်းသမီးတစ်ယောက်ပါ။ အဲ့ဒီလူဖြန့်လိုက်တဲ့သတင်းဟာ
တစ်မြို့လုံးကိုပျံ့နှံ့သွားပါတော့တယ်။သူမမိသားစုနဲ့ သူမကိုယ်တိုင်
အဲ့ဒီသတင်းကိုပြန်ကြားတဲ့အခါမှာ ဒီလို ထိတ်လန့်ဖွယ်သတင်းကို ဘယ်လိုမှ
လက်သင့်မခံနိုင်ခဲ့ပါဘူး။ဒါကြောင့် မိသားစုတစ်စုလုံး တစ်ချိန်ထဲမှာပဲ
ကိုယ့်ကိုသတ်သေလိုက်ကြပါတယ်။ facebook အသုံးပြုသူ အမျိုးသမီးများအနေနဲ့
သတိထားသင့်တာကတော့ သင့်ရဲ့မူရင်းဓာတ်ပုံအစစ်တွေကို facebook
ပေါ်မှာမတင်ပါနဲ့။ တကယ်လို့တင်ထားတယ်ဆိုရင်လည်း သင့်မိတ်ဆွေရင်းတွေသာ
မြင်နိုင်အောင် ပြုလုပ် ထားပါ။ facebook က သယ်ဆောင်လာမယ့် အန္တရာယ်ကို
သိမြင်နိုင်ကြပါစေ။ Ref: Awesome Fact By နှိုင်းရင့်နွေ
Facebook ကြောင့်မိသားစုတစ်စုလုံးသတ်သေမှုဖြစ်ပွားခဲ့ရ Facebook သုံးသူများသတိပြုဆင်ခြင်ဖွယ် ရင်နှင့်စရာဖြစ်ရပ်တခု
Reviewed by Anthony KaKap
on
23:06
Rating:
Reviewed by Anthony KaKap
on
23:06
Rating:

No comments:
Post a Comment