မိန်ခလေးများသိထားသင့်သည် Sex Chat အန္တရာယ် -----



ကိုယ်နဲ့မဆိုင်ဘူးလို့သတ်မှတ်ရင်ဖတ်ချင်မှလဲဖတ်ပါ မဖတ်ချင်လဲ မဖတ်ပါနဲ့ ။

အခုနောက်ပိုင်း ကြီးမှန်းမသိကြီးလာတဲ့ ပြသနာတွေထဲ Sex Chat လဲပါတယ်။
Social Network ကြောင့် မိန်းကလေးတွေသေဆုံးရ ဘဝပျက်ရတဲ့ အချက်တွေထဲ ဒီSex Chat လဲပါတယ်။

ဖွံ့ဖြိုးပီး နိုင်ငံတွေမှာတော့ ဒီပြသနာဟာ သိပ်ဖြေရှင်းရမခက်ပေမယ့်။ ကျတော်တို့ လို ဖွံဖြိုးဆဲလား မဖွံ့ဖြိုးသေးတာလားမသိတဲ့ နိုင်ငံတွေနဲ့  တခြား CyberLaw တွေ မဖွံဖြိုး မထိရောက်သေးတဲ့ နိုင်ငံတွေမှာတော့ ဒီပြသနာဟာ တော်တော်ဆိုးကျိုးကြီးမားပါတယ်။

ဖွံ့ဖြိုးပီးနိုင်ငံတွေမှာနိုင်ငံရေး စီးပွားရေး ယဉ်ကျေးမူလူမူရေး နဲ့ဆိုင်တဲ့ Social Network တွေကိုCyber Law နဲ့ ထိန်းချုပ်ထားပါတယ်။

Sex Chat ဖို့ မပြောနဲ့  အပြာကား တွေ Down ရင် ကြည့်ရင်တောင် အဖမ်းခံရတဲ့အနေအထားတွေကြားဖူးကြမှာပါ။ တရားဝင်ID တင်ထားတဲ့ page တွေကလွဲရင် တခြားဘယ်လို ကြည့်ကြည့် Down Down ဖမ်းပါတယ်။

ဂျပန် လို Sex Case အများဆုံးနိုင်ငံအပြာစာအုပ်အထုတ်ဆုံး ကမ္ဘာ့အပြာကား၃၅ % ထွက်တဲ့ နိုင်ငံမျိုးမှာတောင် CyberLaw တွေ ရှိပါတယ်။

မြန်မာမှာ Cyber Law မရှိပါဘူး။ရှိတဲ့ Cyber Law တွေကလဲ အလုပ်မလုပ်တဲ့စာအုပ်ထဲမှာရှိတဲ့ ဥပဒေတွေပါ။

ဒါကလဲအပြစ်ပြောလို့မရပါဘူး။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတိုင်း ခံစားနေရတဲ့ပြသနာပါ။

ဘာတုန်း SexChat
------

တချို့ သိချင်မှလဲသိမယ်။ မသိချင်လဲမသိဘူးစိတ်ဝင်စားချင်မှလဲစိတ်ဝင်စားမယ်။ ငါနဲ့မှမဆိုင်တာ ဆိုတာမျိုးလဲဖြစ်ချင်ဖြစ်မယ်။ငါမှမလုပ်တာ လို့သတ်မှတ်ချင်မှတ်မယ်။

ယောကျာ်းတွေ နဲ့ တော့ မဆိုင်ပေမယ့်Sex Chat ကြောင့် ကမ္ဘာ မှာ နေ့စဉ်

*မိန်းကလေး အယောက် ၁၀၀ ကျော် ကိုယ့်ကိုယ်ကို သတ်သေနေပါတယ်။
* မိန်းကလေးထောင်ချီ ခြိမ်းခြောက်ခံနေရပါတယ်။
*မိန်းကလေး ထောင်ချီ အရှက်တကွဲအက်ျိုးနဲ့ နဲ့ ဒူးနဲ့မျက်ရည်သုတ်နေရပါတယ်။

ဒီထဲမှာ Asia ကအဆိုးဆုံးပါ။ ပြောရရင်အရှက်တရားကြီးမားတဲ့ မိန်းမတွေ များတဲ့နိုင်ငံ တွေမှာ အဆိုးဆုံး ရင်ဆိုင်နေရပါတယ်။

ဘာလဲ Sex Chat ဘယ်လိုဟာ ကို Sex Chat လို့ခေါ်လဲ

မြန်မာ အနေနဲ့ ပဲ ပြောကြတာပေါ့။

မနေ့ တနေ့ ကမှ fb သုံးကြ fb မှာဘယ်လို ဟာတွေရှိတယ်။ ဘယ်လိုပြသနာတွေရှိတယ်။ ဘယ်လိုကောင်တွေရှိတယ်။ ဘယ်လို အန္တရယ်တွေ ရှိတယ်ကို မသိကြဘူး

မနေ့တနေ့ ကသုံးတဲ့ လူကိုထား၎ ၅နှစ် fb သုံးဖူးတဲ့ မိန်းကလေးတွေတောင်ဒီပြသနာကိုကြူံဖူး ကြမှာပါ။ တချို့ လဲဘဝပျက်တဲ့ အထိ ခံခဲ့ကြဖူးမှာပါ။

Sex Chat ဆိုတာ

*acc အစစ် ပုံ အစစ်တွေမဟုတ်ပဲFake acc တွေ
*Real acc ဖြစ်ပီး ph no / လိပ်စာဘယ်သူဘယ်ဝါ ဆိုတာ မတင်ထားကြတဲ့ကောင်တွေ
*မိန်းကလေး နာမည် မိန်းကလေး ပုံ နဲ့ Fake Acc တွေ
*တခြား မထင်ထားတဲ့ acc ပေါင်းများစွာကမိန်းကလေး တွေကို ခင်မင်အောင်အရင်လုပ်ပီး လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မူတွေလုပ်တာကို ခေါ်တာပါ။

ခက်တာက မြန်မာက fb သုံးတဲ့မိန်းမအများစုကကြောက်တတ်ရှက်တတ်လိုက်တာလဲသူတို့  ။ ဘုမသိဘမသိ ဖော်ရွေ အားနာတတ်တာလဲသူတို့ ။

တချို့  Fb Normal User တွေကသူတို့ က cb ကနေ စကားလာပြောရင် အားနားပီး စကားပြန်ပြောကြတယ်။
မိန်းကလေး အကောင့်ဖြစ်စေ ယောကျာ်းလေးအကောင့်ဖြစ်စေပေါ့။

အားနာပီးပြောတာ ပြသနာမဟုတ်ပေမယ့်ဘာမှမသိ ဘယ်သူမှန်းမသိပဲ စကားတွေများအပြန်အလှန်ပြောကြ စကားတွေကျွံပီးနောက်ဆုံး Sex Chat ရဲ့သားကောင်ဖြစ်သွားကြရော

Sex Chat ရဲ့လူယုတ်မာတွေကဘယ်လိုစလဲ
---

၁။ ကိုယ့်ကိုစကားလာပြောမယ်။
၂။ခင်အောင်လုပ်မယ်။
၃။ချစ်သူအကြောင်းမိသားစုအကြောင်းတခြား အကြောင်းတွေပြောမယ်။
၎။ပီးရင် မိန်းမသားချင်းပဲ သူငယ်ချင်းချင်းပဲအကိုတယောက်လို ဆိုတာမျိုးတွေပြောပီးလိင်ကိစ္စ တွေကို ပြောမယ်။

(ရိုင်းမယ်နော် )
ဥပမာ-

* ညီမရဲ့ အောက်ပိုင်းလေး ဓာတ်ပုံရိုက်ပြညီမ နို့ပုံလေး ကို ရိုက်ပြပါလား ဆိုတာမျိုးတွေ။
*ညီမ ညီမချစ်သူနဲ့ အိပ်ဖူးလား ။ဘယ်လိုခံစားရလဲ ။ မိန်းမသားချင်း (or) သူငယ်ချင်းအချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောပြပါလား။

စတဲ့  လိင်ပိုင်းဆိုင်ရာ စကားတွေ စပြောလာမယ်။ ပီးရင် ကိုယ်က ရှက်ပီး မပြောဘူးမပြဘူးဆို လာပီအဓိက အချက်

သူတို့ ပြောတာ ကို မပြဘူးမပြောဘူးဆို ခြိမ်းခြောက်မူတွေနဲ့  ကိုယ့်ကို ခြိမ်းခြောက်လေ့ရှိကြတယ်။

ဥပမာ

*မပြောဘူးလား မပြောရင် နင်နဲ့ငါပြောထားတာတွေကို Screen shoot ရိုက်ပီး ငါတင်မှာနော်

*နင့်ပုံတွေ ငါsave ထားတယ် ။ ဖာသည်မတွေ page မှာ တင်လိုက်မှာနော်။

*ငါ့ကို ph bill ၁၀၀၀၀ ထည့်ပေး မပေးရင်နင့်ပုံတွေ ဖာသည်မ page တွေမှာတင်မှာစသဖြင့် ခြိမ်းခြောက် ကြတယ်။

တချို့ ကလဲ နှမချင်းမစာနာလို့ လိင်စိတ်ပြင်းထန်လို့  သုတ်ပိုးဦးနှောက်ထဲရောက်နေလို့  ခုလို Sex Chat ကြပေမယ့်တချို့ ကလဲ ငွေကြေး နဲ့ အဓိကချိန်းခြောက်ကြတယ်။

ဒီတော့ သိတဲ့အတိုင်း မြန်မာမိန်းကလေး အများစု ကဒါမျိုးဆို အသေကြောက်အရှက်ကြီး လူသိမှာစိုးရိမ်ပီး သူ တို့ရဲ့ခြိမ်းခြောက်သမျှကို ခံရလိုက်ရော ရပါတော့တယ်။ ပီးရင် အရှက်တကွဲအကျိုးနဲ့ဖြစ်ပီး
ကိုယ့်ကိုယ်ကို သေကြောင်းကြံ ကြတယ်။ဒါမှမဟုတ်ရင် လူတောမတိုးရဲဖြစ်ကြတယ်။

ဒါဖြစ်တတ်ပါတယ်မလုပ်နဲ့ ဒီလို ဘဝပျက်သွားတဲ့ မြန်မာမိန်းကလေးတွေ အများကြီးရှိနေပီ။ သတ်သေသွားတဲ့မိန်းကလေးသတင်းတွေ ဂျာနယ်တွေမှာဖတ်ဖူးမြင်ဖူး နေကြပီ။

ငါနဲ့မှမဆိုင်တာ။ ဖင်ယားတာခံပေါ့။ဆိုပီးကိုယ်ချင်းမစာ ရင်မှားလိမ့်မယ်။ ကိုယ်လဲတနေ့ သူတို့ လိုခြိမ်းခြောက်တဲ့ ဂွင်ထဲမဝင်ဘူးမပြောနိုင်ဘူး။ ကိုယ့်ု့်မ်သားစု ကိုယ့်သူငယ်ချင်း ထဲက ဒါမျိုးမကြူံရဘူးလို့ မပြောနိုင်ဘူး။ ဒါမျိုးက ကိုယ်တိုင်ကြူံမှသိရင် ဘာမှလုပ်လို့မရတော့ဘူး။

ဒီတော့ ဘယ်လို Sex Chat ကို ဖြေရှင်းမလဲ။ ကြူံလာရင်ဘယ်လို ကာကွယ်မလဲ။ဘယ်လို ပြန်လုပ်ရမလဲ။

တခြား နိုင်ငံတွေမှာတော့ ဒီလိုပြသနာတွေအတွက် Cyber Law ရှိပီးသားပါ။ချက်ချင်း Call Center တွေကိုတိုင်ပီးး ခြိမ်းခြောက်မူ နဲ့ တိုင်ကြားနိုင်ပါတယ်။

မြန်မာမှာ Cyber Law အားနည်းတော့ဒီလိုပြသနာတွေကြူံလာရင်ကိုယ်တိုင်ပဲဖြေရှင်းရမှာပါ။

* ကိုယ်နဲ့ စကားပြောတဲ့ cb လူတိုင်းကိုမယုံပါနဲ့ အထူးသဖြင့် fake acc တွေ နောက်like 10 မကျော်တဲ့ ကိုယ့်မူရင်းပုံမတင်ထားတဲ့သူတွေ။ ယောကျာ်းနာမည် မိန်းမပုံ accတွေ တခြား Fake acc လို့ယူဆရတာတွေ
ကိုရှောင်ပါ။ ပြောရင်တောင် ကိုယ့်ဖက်ကစကားမကျွမ် ပါစေနဲ့ ။

*ဒီလိုသတိထားနေတဲု့ကြားက ကြူံမိပီထားရသေးတယ်။ မကြောက်နဲ့ မယောင်ရာ ဆီမလူးနဲ့ ။ မြန်မာကတချို့ မိန်းကလေးတွေက အရှက်တရားအကြောက်တရားသိပ်ကြီးတယ်။ ဒါဟာကောင်းပေမယ့် ကြောက်သင့်တဲ့နေရာကြောက် မကြောက်သင့်တဲ့နေရာမကြောက်နဲ့။ ဦးနှောက်မရှိပဲ အရှက်တရားချည်းကြီးနေကြောက်နေရင် ခံသွားရလိမ့်မယ်။

* ကိုယ်ကခြိမ်းခြောက်ခံနေရပီ။ ကြောက်တယ်ဆိုရင်တောင် ကိုယ့်အသိမိတ်ဆွေကိုယ့်သူငယ်ချင်းတွေကိုချက်ချင်းပြော ဘာလုပ်ရမလဲမေး။ သူ့ acc ကို အမြန်မှတ်လူအများသိအောင်ကိုယ်ကအရင်လုပ်။

*မဟုတ်ပဲ ကြောက်တယ် ရှက်တယ်ချည်းလုပ်နေရင် ခံရပါမယ်။

*နောက်တခုက ကိုယ့်ပုံတွေ ဖာသည်မ page တေ မှာတင်ခံရမှာကိုမကြောက်ပါနဲ့ တင်တာနဲ့  ချက်ချင်း ကိုယ့် fri တေကိုအကူအညီတောင်း လူသိအောင်လုပ်ပါ။ဖာသည်မ page ကို ဘယ်မိကောင်းဖခင်သားသမီးမှမlike cmtမပေးပါဘူး။ ကြိတ်ခံနေရင် လူမသိသူမသိဖြေရှင်းတောင်းပန်နေရင် ပိုဆိုးသွားပါလိမ့်မယ်။

*vb တို့ ဘာတို့ က sex chat ရင်လဲ ph noကိုအရင်မှတ်ပါ။ ဒါဆို တိုင်ကြားနိုင်ပါတယ်။

*နောက်တခု က ဦးနှောက်မရှိပဲ မကြောက်ကြပါနဲ့ ။ ကြောက်လေခံရလေပါ။ ရှက်သင့်တာကြောက်သင့်တာ ကို တခြားနေရာသုံးပါ Sex Chat မှာမသုံးပါနဲ့ ။

ဒါဖတ်လို့ကောင်းအောင် ရေးပြပြောပြနေတဲ့ပုံပြင်မဟုတ်ပါဘူး။ ဒီပြသနာကြောင့်လူမသိသူမသိရော လူသိပီးရော သေဆုံး ဘဝပျက် အရှက်တကွဲအကျိုးနဲ့ ဖြစ်သွားတဲ့မိန်းမတွေ မြန်မာမှာအများကြီးပါ။

လက်ရှိလာအို က ကမ္ဘာမှာ Sex Chat ကြောင့်သေဆုံးတဲ့အမျိုးသမီးဦးရေ အများဆုံးပါ။

ကိုယ်တိုင်ကြူံမှ လူမသိသူမသိဖြေရှင်းတဲ့နည်းတွေ ကြောက်စိတ်တွေနဲ့ မပြာယာနေပဲ။ မိတ်ဆွေ သူငယ်ချင်းများနဲ့အတူဖြေရှင်းသင့်ပါတယ်။

နှမချင်းအမချင်း စာလို့  မရှက်တမ်းရေးရ လျှာရှည်လိုက်ပါတယ်။

(ထက်ဝန)

မိန်ခလေးများသိထားသင့်သည် Sex Chat အန္တရာယ် ----- မိန်ခလေးများသိထားသင့်သည် Sex Chat အန္တရာယ် ----- Reviewed by Anthony KaKap on 23:07 Rating: 5

No comments:

ads 728x90 B
Theme images by Radius Images. Powered by Blogger.