♪ FACEBOOK LIVE မှာ ပရိတ်သတ်တွေနဲ့ တိုက်ရိုက်အမေးအဖြေ ပြုလုပ်ပေးမယ့် MARK ZUCKERBERG ♫


လာမယ့် ဇွန်လ ၁၄ရက်နေ့ အင်္ဂါနေ့မှာ Facebook ရဲ့ CEO ဖြစ်သူ Mark Zuckerberg ဟာ အသုံးပြုသူ ပရိတ်သတ်တွေနဲ့အတူ တိုက်ရိုက်အမေးအဖြေပြုလုပ်ပေး မယ့်အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကို သူ့ရဲ့ အာကာသယာဉ်မှူးတွေနဲ့ စကားပြောခဲ့တဲ့ Facebook Live လုပ်ဆောင်ချက်ကို အသုံးပြုပြီးတော့ Facebook ရဲ့ အကြီးမားဆုံး Live Show တစ်ခုဖြစ်လာဖွယ်ရှိနေတာပါ။

ဒီအစီအစဉ်ကို ဇွန်လ ၁၄ရက်နေ့ ပစိဖိတ်စံတော်ချိန် မနက် ၁၁:၃၀ (မြန်မာစံတော်ချိန် ဇွန်လ ၁၅ရက်နေ့ မနက် ၁၂:၃၀) မှာ စတင်မှာဖြစ်ပါတယ်။ ဒီသတင်းကို Mark Zuckergerg ကိုယ်တိုင်သူ့ရဲ့ Facebook မှာ ဗီဒီယိုဖိုင်တစ်ခုတင်ပြီး အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုနဲ့အတူ Zuckerberg က သူ့ကို မေးစေချင်တဲ့ မေးခွန်းတွေကို အဆိုပါ Post ရဲ့ အောက်မှာ မန့်ခဲ့ပေးဖို့ ဖိတ်ခေါ်ခဲ့ပြီး အဲ့ဒီအထဲက Like ပေးတဲ့အပေါ်မူတည်ပြီး ပြန်လည်ဖြေကြားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

zuckerberg facebook live

တကယ်လို့ သင့်အနေနဲ့ ပါဝင်မေးခွန်းထုတ်ချင်တယ်ဆိုရင်တော့ ဒီနေရာကို နှိပ်ပြီးဝင်ရောက် မေးမြန်းနိုင်ပါတယ်။ သူ့ရဲ့ Live Video ကိုကြည့်ချင်တယ်ဆိုရင်တော့ လာမယ့်တစ်ပတ် အင်္ဂါနေ့ည ၁၂နာရီခွဲ အချိန်မှာ ကြည့်ရှုနိုင်ပါတယ်။
Credit to ==> Digital Times
♪ FACEBOOK LIVE မှာ ပရိတ်သတ်တွေနဲ့ တိုက်ရိုက်အမေးအဖြေ ပြုလုပ်ပေးမယ့် MARK ZUCKERBERG ♫ ♪ FACEBOOK LIVE မှာ ပရိတ်သတ်တွေနဲ့ တိုက်ရိုက်အမေးအဖြေ ပြုလုပ်ပေးမယ့် MARK ZUCKERBERG ♫ Reviewed by Anthony KaKap on 08:22 Rating: 5

No comments:

ads 728x90 B
Theme images by Radius Images. Powered by Blogger.