ဖေ့စ်ဘွတ်မှာ ခဏခဏ မတင်သင့်တဲ့ အရာ (၉) ခု


ဖေ့စ်ဘွတ်မှာ ခဏခဏ မတင်သင့်တဲ့ အရာ (၉) ခု
===================================
အကောင့်အစစ်နဲ့ သုံးသူတွေအတွက် လူမှုရေးပြဿနာမပေါ်ပေါက်စေဖို့နဲ့ အန္တရယ်မဖြစ်စေမဲ့ အချက်တွေဖြစ်ပါတယ်။
၁ - အိမ်ထောင်ရေး အချစ်ရေးပြဿနာ

ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်မုန်းတယ်ဆိုတာတွေ ခဏခဏမတင်ပါနဲ့။ ရည်းစားဟောင်းက ဘယ်လိုဘာညာဆိုတာတွေလည်း ခဏခဏမတင်သင့်ပါဘူး။

၂ - ကိုယ်လုံးအသားပေး

ခန္ဓာကိုယ်ဘယ်လောက်ပဲ လှလှ ကိုယ်လုံးအသားပေး ပုံတွေ ခဏခဏမတင်ပါနဲ့။

၃ - အရက်

အရက်သောက်တဲ့ ပုံတွေခဏခဏ မတင်ပါနဲ့။
play

၎ - အထင်အမြင်

သင့်အလုပ်နဲ့ပက်သက်တဲ့ အထင်အမြင်တွေကို ခဏခဏမတင်ပါနဲ့။

၅ - ပိုက်ဆံ

ငွေရေးကြေးရေးအခြေအနေ ဘယ်လောက်ရှိတယ်၊ ငွေဘယ်လောက်ရှိတယ်ဆိုတဲ့ ပုံတွေ ခဏခဏမတင်ပါနဲ့။

၆ - သူငယ်ချင်းတွေရဲ့ ရှက်စရာကောင်းတဲ့ပုံ

သူငယ်ချင်းတွေရဲ့ ရှက်စရာကောင်းတဲ့ပုံဟာ တစ်ခါနှစ်ခါလောက်တင်ရင် ပျော်စရာဖြစ်ပေမဲ့ ခဏခဏဆိုရင်တော့ မကောင်းပါဘူး။

၇ - မက်ဆေ့

နှစ်ဦးတည်းပြောထားတဲ့ မက်ဆေ့တွေကို အများသိအောင် screen shot ပြီးတင်တာမျိုး ခဏခဏမလုပ်ပါနဲ့။
play

၈ - သိစေချင်

လူတွေက သင့်အကြောင်းအဲ့လောက်မသိချင်ပါဘူး။ ကိုယ့်အကြောင်းတွေ တအားပြောထားတဲ့ ပို့စ်မျိုးတွေ ခဏခဏမတင်ပါနဲ့။

၉ - အချက်အလက်

သင့်ဖုန်းနံပါတ်၊ သင့်အိမ်လိပ်စာတွေကို ဖေ့စ်ဘွတ်ပေါ်လုံးဝမတင်ပါနဲ့။

*** အကောင့်အစစ်နဲ့ သုံးသူတွေအတွက် လူမှုရေးပြဿနာမပေါ်ပေါက်စေဖို့နဲ့ အန္တရယ်မဖြစ်စေမဲ့ အချက်တွေဖြစ်ပါတယ်။

Credit - Duwun



ဖေ့စ်ဘွတ်မှာ ခဏခဏ မတင်သင့်တဲ့ အရာ (၉) ခု  ဖေ့စ်ဘွတ်မှာ ခဏခဏ မတင်သင့်တဲ့ အရာ (၉) ခု Reviewed by Anthony KaKap on 03:36 Rating: 5

No comments:

ads 728x90 B
Theme images by Radius Images. Powered by Blogger.