အချစ်လို့ခေါ်မလား
-------------------------
အယုံလွယ်တယ်ပြောမလား အချစ်ကိုသက်သေပြတယ်ပြောမလား အချစ်နယ်ကျွံရင်း သွေးသားဆန္ဒလိုက်မိတယ်ဆိုမလား ဘယ်လိုဆိုဆို အသိလေးနဲ့ ရှေးရေးကြိုတွေးလို့ အနာ ဂတ်ပုံရေးတွေးကြည့်ရအောင်
ဒီနေ့ခေတ်မှာ သမီးရည်းစားချစ်သူများဟာ များသောအားဖြင့်တရားဝင်လက်မထပ်ရသေးပဲ အတူနေကြတာများလာတယ် ယောင်္ကျားလေးအများစုကတော့အတည်ယူမယ်လို့ဆုံးဖြတ်ထားလို့လုပ်ကြသလို အချို့ကတော့တမင်လှည့်ဖျားပီးစားချင်လိုဖန်တာပါအချို့လည်းရိုးသားတဲ့သူတွေရှိပါတယ်အားလုံးကိုမဆိုလိုပါဘူး
အထမြောက်သွားပီဆိုပါစို့ မိန်းကလေးရှေ့ရေးတွေးကြည့်ရအောင် ယောင်္ကျားလေးကိုယုံကြည်ရလို့ ပေးဆပ်လိုက်တယ်ထား လူဆိုတာအသက်သွေးခဲအမြဲမရှိပါ တစ်စုံတစ်ခုဖြစ်သွားခဲ့ရင် သေသွားခဲ့ရင် ကိုဟာအပျိုဆိုတာပျောက်ကွယ်သွားရပြီမို့ တကယ်လက်တွေ့တရားဝင်လဲလက်ထပ်ရော သူများကိုညာလို့ရချင်ရမယ်ကိုယ့်ကိုတော့ညာလို့မရပါဘူး လင်ယောင်္ကျားသိသွားလို့နားလည်မှုပေးတယ်ထား စကားများရင်တစ်ခါတရံထည့်ပြောလာလိမ့်မယ် သာမာန်ဆိုပေမယ့်အဲမိန်းကလေးဟာ သူနဲ့ပတ်သက်ခဲ့သူကိုသတိရရင်း စိတ်နာကျင်မှု ပြင်းထန်စွာခံစားရလိမ့်မယ်
မသိလို့အယုံလွယ်လို့ အချစ်ကိုပေးဆပ်ပီးပုံအပ်လိုက်တယ်ဆိုရင် သူအစာဝရင်ကိုယ့်ကိုသေချာပေါက်ထားခဲ့မှာပါ သူ့မှာကိုမသိတဲ့ဇနီးမယားရှိနေသေးတယ်ဆိုရင် အလိုလိုမယားငယ်ဆိုတဲ့ဘွဲ့ထူးကိုပိုင်ဆိုင်ရမှာပါ ထပ်လောင်းပီး အိမ်ထောင်မကျသေးတဲ့မိန်းကလေးဖြစ်ပေမယ့် တားဆေးအမျိုးမျိုး မှီဝဲရတော့မယ် အဲကြားကကိုယ်ဝန်ရှိသွားရင် ဘယ်လိုလုပ်မလဲ လနုတုန်းလွယ်လွယ်ဖျက်ချမယ်ဆိုခဲ့ရင် မိန်းကလေးတစ်ယောက်အတွက်သားဦးလေ နောက် ကိုယ့်ရင်ကဖြစ်တဲ့ကိုယ့်သားသမီး ကိုယ့်သားကိုကိုပြန်သတ်ရတော့မှာ ကိုယ့်သားသမီးကိုသူတပါးသတ်ခိုင်းတဲ့မိခင်ပေါ့ ဖြစ်ပီလေ မွေးမယ်ဆိုရင်တောင် လင်ကောင်မပေါ်ပဲအရှက်တကွဲနဲ့ မျက်နှာငယ်ငယ်နဲ့မွေးရမှာ
မိန်းမတစ်ယောက်ကလေးမွေးနေချိန်မှာသူ့ရဲ့ခင်ပွန်းသည်ကိုအနားမှာရှိစေချင်မှာပဲ ဘယ်မလဲကလေးအဖေ ဖြစ်ပီးသွားမှကယ်လို့မရဘူး
ဆုံးရှုံးနစ်နာမှုတွေ တပွေ့တပိုက်ခံစားရမှာမိန်းကလေးပါပဲ အချို့မိန်းကလေး များရှိကြတယ် ခိုးစားရတာကျေနပ်တယ် သာယာမှုရှိတယ် အရာသာတွေ့နေတယ်ဆိုခဲ့ရင် သူနဲ့ကွဲလဲဘာဖြစ်လဲကိုယ့်ဘဝကိုရပ်တည်နိုင်ပါတယ်ဆိုခဲ့ရင် ကိုယ့်ဘဝရဲ့လျောက်တဲ့လမ်းမှာကိုနဲ့ပတ်သက်ခဲ့ဘူးသူရဲ့အရိပ်တွေ တနေ့နေ့မှာအကြောင်းအမျိုးမျိုးနဲ့စိတ်ရှုပ်ရအောင် ဖြစ်လာလိမ့်မယ် လူဆိုတာဘူးအပေါက်တစ်ရာပိတ်လို့ရမယ်ပါးစပ်တစ်ပေါက်ပိတ်ဖို့မလွယ်ပါဘူး သေချာတာကမိန်းကလေးနစ်နာဖို့ပဲရှိပါတယ်
မကျေနပ်လို့တရာစွဲရင်သက်သေခိုင်မှပါ ဒီကိစ္စမျိုးဟာလူအများရဲ့ရှေ့မှာမလုပ်တဲ့အရာမျိုးမို့ကိုယ့်ဘက်ကရှေ့နေတော်လိုက်တစ်ဘက်ကအပြစ်ဒဏ်ကျခဲ့ရင် သူကထောင်ပဲကျမှာ ကိုကတော့အပျိုပြန်မဖြစ်တော့သလိုလူသိရှင်ကြားပိုကြေငြာပီးသားဖြစ်သွားပါပြီ
ပြောလိုတာကလက်မှတ်ထိုး လင်မယားအရာမမြောက်သေးပဲရွှေတွေငွေတွေပေးလို့မရတဲ့ အပျိုစစ်စစ်ဘဝနဲ့ ကာမကျော့ကွင်းကိုရှောင်ရှားနိုင်ကြပါစေ....
credit>>>အချစ်ရေး အိမ်ထောင်ရေးလမ်းညွှန်မှု ဖူးစာရှင်ရှာဖွေရေးနှင့် အချစ်ကဗျာများ
အချစ်လို့ခေါ်မလား
Reviewed by Anthony KaKap
on
04:10
Rating:
Reviewed by Anthony KaKap
on
04:10
Rating:


No comments:
Post a Comment