အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုအိပ်ပေးဖို့ လိုအပ်တဲ့ အကြောင်းအရင်း

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုအိပ်ပေးဖို့ လိုအပ်တဲ့ အကြောင်းအရင်း

Tuesday, July 12, 2016
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်ချိန် ပိုလိုအပ်ကြောင်း သိပ္ပံပညာရှင်များ ရှာတွေ့ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ ဦးနှောက်က ပိုမိုခက်ခဲရှုပ်ထွေးပြီး ပိုအသုံးပြုရလို့ပဲ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ မွန်းနစ်ခ်ျမြို့ Max Planck Institute က သိပ္ပံပညာရှင်တွေက အိပ်မောကျခြင်းက ဦးနှောက်စွမ်းရည် ဘယ်လိုထိခိုက်စေလဲ စဉ်းစားသုံးသပ်ရန် အရွယ်ရောက်ပြီးသူ ၁၆၀ ရဲ့ အိပ်စက်မှုပုံစံတွေကို အသေးစိတ်လေ့လာခဲ့ကြပါတယ်။ အမျိုးသမီးများ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အခါ အဆင့်မြင့် IQs နဲ့ ဆက်စက်တဲ့ ဦးနှောက်လှုပ်ရှားမှုကို အားပေးမြင့်တင်ပေးကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် အမျိုးသားတွေအတွက် ခြားနားမှုမရှိခဲ့ပါဘူး။ ပိုအိပ်ပေးတဲ့အချိန်မှာ ရရှိတဲ့ အကျိုးကျေးဇူးမျိုးဘဲ တစ်မှေးအိပ်တဲ့အခါမှာလည်း ရရှိကြပါတယ်။
ပါမောက္ခ Martin Dresler က ကျွန်ုပ်တို့ရရှိတဲ့ ရလဒ်အဖြေက အိပ်စက်ခြင်းနဲ့ ဦးနှောက်ဥာဏ်ရည်နှစ်ခုကြား ပတ်သက်ဆက်နွယ်မှုက ထင်မှတ်ထားတာထက် ပိုမိုခက်ခဲရှုပ်ထွေးကြောင်း ထင်ရှားတယ်လို့ ဆိုပါတယ်။
ဦးနှောက်ဥာဏ်ရည်ထဲမှာ ပါဝင်တာ အချက်ပေါင်းများစွာရှိပြီး အိပ်စက်ခြင်းက တစ်ခုတည်းသာ ရှိပါသေးတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေအကြောင်း လေ့လာခြင်းက နောက်လေ့လာသုတေသနအဆင့်အတွက် ပိုမိုသိကျတဲ့ ကန့်သတ်ချက်တစ်ခု ရရှိစေပါတယ်။

ရှာဖွေတွေ့ရှိချက်တွေက အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ အမျိုးသားတွေဟာထက် ပိုမိုက်ခက်ခဲရှုပ်ထွေးတာကြောင့် အိပ်စက်မှု ပိုလိုအပ်နိုင်ခြေရှိကြောင်း တွေ့ရှိခဲ့တဲ့ Loughborough University မှ မကြာသေးမီက သုတေသနာပြုချက်ကို ထောက်ခံထားပါတယ်။ အမျိုးသမီးတွေ အလုပ်ပေါင်းစုံလုပ်လေ့ရှိတယ်။ တစ်ချိန်တည်းမှာ အလုပ်များစွာ လုပ်ကြတယ်။ ဒါ့ကြောင့် သူတို့က ယောက်ျားလေးတွေထက် ဦးနှောက် ပိုအသုံးပြုကြပါတယ်။ ဒီတွက်ကြောင့် အိပ်ချိန်ပို လိုအပ်တာဖြစ်တယ်လို့ ပါမောက္ခ Jim Horne က ဆိုပါတယ်။

Ref: The Sun
Victor.PaaTung - Trend Myanmar

Credit
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုအိပ်ပေးဖို့ လိုအပ်တဲ့ အကြောင်းအရင်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုအိပ်ပေးဖို့ လိုအပ်တဲ့ အကြောင်းအရင်း Reviewed by Anthony KaKap on 05:32 Rating: 5

No comments:

ads 728x90 B
Theme images by Radius Images. Powered by Blogger.